Chapter 47(Unicode)

14.6K 1.9K 492
                                    

[မနေ့ကပြောဖို့မေ့သွားဖို့ ယင်နတ်ဆိုးလေးဆိုတာ Yinကိုပြောတာနော်။ flyကိုပြောတာမဟုတ်ဘူး။ လျှောက်တွေးနေကြမှာစိုးလို့😂]

ဟိုတယ်ရောက်တော့ ဝန်ထမ်းမလေးက သူတို့အား ကြိုတင်မှာယူထားသည့်အခန်းထဲသို့ လိုက်ပါပို့ဆောင်ပေးသည်။

တံခါးဖွင့်လျှင်ဖွင့်ချင်း မြင်လိုက်ရသည်က ဖုန်းဖြင့်ဆဲလ်ဖီဆွဲနေသည့် ဝမ်းရှောင်ဟွေးကိုပင် ဖြစ်လေသည်။ခပ်ဖျော့ဖျော့ ဆလိုက်မီးရောင်အောက်တွင် သိမ်မွေ့နူးညံ့အနုစိတ်စွာထွင်းထုထားသည့်မျက်နှာလေးက ဖြူဖွေးကာကြည်လင်နေပြီး မိန်းကလေးတွေထက်တောင် နူးညံ့သည့်ပုံပေါက်နေသည်။

"အစ်ကိုကြီးလီ"

ဝမ်းရှောင်ဟွေးက ခေါင်းလှည့်လာကာ ကျောက်ကျင်ရှင်းကိုမြင်တော့ မှင်သက်သွားသည်။ပြီးမှ သူက အထက်အောက်ကို ရဲတင်းစွာစုံဆန်ချည်ကြည့်ရင်း မနေနိုင်စွာပင် လေချွန်လိုက်လေသည်။

"ဝါးးးး....."

လီရှော့က မိတ်ဆက်ပေးလိုက်သည်။

"ရှောင်ဟွေး ဒါက ကျောက်ကျင်ရှင်းတဲ့။ ကျင်ရှင်း ဒါက ဝမ်းရှောင်ဟွေးပဲ"

"ငါ့ကို အော်ဒီလို့ပဲခေါ် .....ရှောင်ဟွေးလို့မခေါ်နဲ့"

ဝမ်းရှောင်ဟွေးက နှုတ်ခမ်းစူလိုက်၏။

လီရှော့ ခပ်ကျယ်ကျယ်ရယ်လိုက်မိသည်။

"ကျင်ရှင်း...သူ့ကို အော်ဒီလို့ခေါ်ပေးလိုက်"

ကျောက်ကျင်ရှင်းက ပြုံးကာဆိုသည်။

"မင်္ဂလာပါ"

ဝမ်းရှောင်ဟွေးက အနားသို့ဆတ်ခနဲရွေ့လာကာ ကျောက်ကျင်ရှင်းကို ကိုယ်တစ်ပါတ် ပတ်ကြည့်လိုက်ရင်း ထို့နောက်မှာတော့ ရင်အုပ်ကြွက်သားများကို စူးစူးရဲရဲစိုက်ကြည့်နေတော့သည်။

လီရှော့သည် ထိုနေ့က ဝမ်းရှောင်ဟွေးအား ကျောက်ကျင်ရှင်း၏ ကိုယ်တစ်ပိုင်းဗလာပုံကိုပြခဲ့ဖူးတာကိုအမှတ်ရသွားသည်။ ဝမ်းရှောင်ဟွေးကတော့ နားလည်မှုတွေလွဲနေပြီ ဖြစ်၏။ သူက ချောင်းအသာဟန့်ကာ ရှင်းပြဖို့ဟန်ပြင်လိုက်စဥ်မှာပင် ဝမ်းရှောင်ဟွေးကတော့ နှုတ်ခမ်းတွေသပ်ကာ ရိုးသားဟန်ဖြင့် မျက်လုံးဝိုင်းကြီးများကို တစ်ဖျတ်ဖျတ်ခပ်ကာ ဆိုလေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now