Chapter 29 (Unicode)

17.2K 2K 211
                                    


Warning : NSFW🔞🔞🔞

ညနေခင်းတွင်တော့ လီရှော့သည် သူ့ဖခင် အဝတ်အစားများ လဲလှယ်ဖို့ရာအတွက် အိမ်သို့ပြန်ယူလေသည်။ယင်းသည်က ဤနှစ်ရက်အတွင်း သူနှင့်အန်ကယ်ကွမ်းတို့ နှစ်ဦးတည်း ရှိမိကြသည့် ပထမဆုံးအကြိမ် ဖြစ်သည်။

အန်ကယ်ကွမ်းက လီရှော့အား ကားနောက်ကြည့်မှန်ကနေ မကြာခဏဆိုသလို ခိုးဝှက်ကြည့်နေလေ၏။ပထမတော့ လီရှော့ မမြင်ချင်ယောင်ဆောင်နေသေးသည်။နောက်ဆုံးတော့ သူ မရယ်ပဲမနေနိုင်တော့။

"အန်ကယ်ကွမ်း...ပြောချင်တာသာ ပြောချလိုက်ပါဗျာ။ ကျောက်ကျင်ရှင်းအကြောင်း မလား"

အန်ကယ်ကွမ်းက အနေရခက်ဟန်ဖြင့် ချောင်းဟန့်ရင်း

"အင်း"

ထိုစဉ်တုန်းက ကျောက်ကျင်ရှင်းက သူ့အား နမ်းရှိုက်ခဲ့ပြီး အန်ကယ်ကွမ်းကပါ ရှင်းရှင်းလင်းလင်း မြင်သွားခဲ့တာပင်။ သို့သော်လည်း ထိုနောက်ပိုင်းမှာ ဆူညံပျားပန်းခပ်နေပြီး မည်သူကမှလည်း မပြောဖြစ်ခဲ့ကြချေ။

လီရှော့ ရယ်လိုက်ရင်း

"ကျွန်တော့် မိဘတွေကို မပြောနဲ့နော် ဟုတ်ပြီလား"

"အဲ့ဒါ ဘာစကားလဲကွ"

အန်ကယ်ကွမ်းက စူပုတ်သွားကာ

"ငါသာ ပြောဖို့ရည်ရွယ်ထားရင် ခုချိန်မင်းကို ပြောမနေတော့ဘူး"

"အန်ကယ်ကွမ်းက အရမ်းသဘောကောင်းတာပဲ"

လီရှော့ သူ့လက်သီးဆုပ်ကို မြှောက်လိုက်၏။

အန်ကယ်ကွမ်းက ပြုံးကာ လက်သီးဆုပ်ချင်း တိုက်လိုက်ရင်းမှ စကားစမြည်ဆိုလေသည်။

"မင်းတို့ ဘယ်အချိန်ကတည်းက တွဲနေကြတာလဲ"

"သိပ်မကြာသေးပါဘူး။ ဒီတိုင်း ဒိတ်လုပ်ရုံလေးပါပဲ"

"ဩော်..တကယ်တော့ မင်းတို့နှစ်ယောက်က အတော်လေး လိုက်ဖက်ညီတယ်ကွ။ ဒါပေမယ့် မစ္စတာကျောက်ကြည့်ရတာ နည်းနည်းတော့ ပလေးဘွိုင်တစ်ယောက်နဲ့တူသလိုပဲနော်"

လီရှော့ ရယ်မောမိသွားရင်း အဖိုးကြီးရဲ့ ပင်ကိုယ်အသိစိတ်က တယ်အားကောင်းပါလားရယ်လို့ တွေးမိသွားရသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Donde viven las historias. Descúbrelo ahora