အိမ်ပြန်ရောက်သည်နှင့် လီရှော့သည် အဝတ်အစားတောင်မလဲနိုင်ပဲ မိုက်ခရိုချစ်ပ်ပြားထဲမှ ဒေတာများကိုအသုံးပြုနိုင်ရန်အတွက် ကွန်ပြူတာထဲသို့ ထိုးသွင်းလိုက်သည်။လှုပ်ယမ်းနေသောပုံရိပ်များက မကြာခင်မှာပင် ဗွီဒီယိုPlayerထဲမှာပေါ်လာသည်။ရှောက်ချွင်၏ အစကနေ ထွက်သွားသည့်အဆုံးထိတိုင် မြင်နေရသည့် ပုံရိပ်များနှင့်အသံများကို နက်ခ်တိုင်ကလစ်ပေါ်ရှိ ကင်မရာအသေးစားလေးကနေ ဖမ်းယူထားနိုင်ခဲ့၏။လူနှစ်ယောက် ရန်ဖြစ်နေချိန်မှာပုံရိပ်တို့က အလွန်တရာ ဝသုန်းရုန်းကားဆန်နေပေမယ့်လည်း ရှောက်ချွင်၏မျက်နှာကိုဖြင့် အလွန်ရှင်းလင်းစွာ ရိုက်ယူထားနိုင်လေသည်။
ထိုပစ္စည်းသေးသေးလေးက အမေရိကန်စစ်တပ်အဖွဲ့အစည်းက ထုတ်လုပ်ထားခြင်းဖြစ်ပြီး အပြင်မှာဖြန့်ဖြူးခွင့်ကိုပြုမထားချေ။ လီရှော့မှာ တစ်ခုလောက်ရဖို့ရာအတွက် အနည်းငယ်အားထုတ်ထားခဲ့ရပြီး အမှန်တကယ်ကို စျေးကြီးလေသည်။
သူ ဗွီဒီယိုကိုပိတ်ပစ်လိုက်ကာ ရှေ့နေကိုဖုန်းခေါ်လိုက်သည်။
"ရှေ့နေဝမ်...ကျွန်တော့်ကို ချောက်ချထားတဲ့ရှောက်ချွင်ရဲ့သက်သေလိမ်ထွက်ထားတဲ့ဗွီဒီယိုတစ်ခုကို ကျွန်တော်ရထားတယ်"
"မဟုတ်ဘူး....တိုက်ရိုက်ဝန်ခံထားတာတော့မဟုတ်ဘူး။သူ စကားများများပြောအောင် ကျွန်တော်လှုံ့ဆော်ပေးခဲ့တာ။ဒါပေမယ့် အရမ်းသိသာနေရင် သူရိပ်မိမှာလည်းစိုးရတော့ မြင်ကွင်းတွေကတော့ တော်တော်လေး ဗြောင်းဆန်နေလိမ့်မယ်"
"ဟုတ်တယ်။ ကျွန်တော် သူ့ကိုနှစ်ခါတောင်မေးခွန်းထုတ်တာ ဒါပေမယ့်သူမငြင်းဘူး။ အနည်းဆုံးတော့ ဒီဗွီဒီယိုက သူနဲ့ကျွန်တော်ကြားမှာ တော်တော်လေးကြီးမားတဲ့ပုဂ္ဂိုလ်ရေးရာ မကျေနပ်ချက်တွေရှိနေတယ်ဆိုတာ ပြလို့ရသွားတာပေါ့။ အရင်ကလည်း သူ ကျွန်တော့်ရုံးခန်းထဲကိုတရားမဝင်ဖောက်ထွင်းဝင်လာပြီး ကျွန်တော့်ကိုတိုက်ခိုက်ခဲ့သေးတယ်။ရဲတွေက အဲ့ဒါကိုတိုက်ချက်ယူထားတာလည်း ရှိတယ်"
"အင်း...ဒီသက်သေက ဒီလောက်လည်းမခိုင်မာသေးဘူးဆိုတာ ကျွန်တော်သိတယ်"
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...