လီရှော့ ကြက်သေသေသွားသည်။
သူသည် အရက်နာကျနေမှုကြောင့် ထင်ယောင်ထင်မှားတွေကြားနေခြင်းဖြစ်မည်ဟု တွေးလိုက်ပါသော်လည်း ကျောက်ကျင်ရှင်း၏ ချစ်မြတ်နိုးသောအကြည့်တွေက သူ၏အမြင်လွှာကိုဖြတ်ကာ ပူလောင်နေသောဦးနှောက်ဆီ ရိုက်ခတ်သွားပြီး ရှောင်လွှဲဖို့ရာ မတတ်သာအောင် ဖြစ်စေတော့သည်။
ကျောက်ကျင်ရှင်းက သူ့မျက်နှာကိုညင်သာစွာပွတ်သပ်လိုက်သည်။ သူ့အကြည့်တို့က အာရုံစူးစိုက်မှုအပြည့်ရှိနေကာ စစ်မှန်ရိုးသားစွာ ဆိုလာ၏။
"လီရှော့...ကျွန်တော် ခင်ဗျားကိုသဘောကျတယ်။ခင်ဗျားနဲ့ မေတ္တာရှိချင်တယ်"
လီရှော့သည် ကျောက်ကျင်ရှင်း၏ ညို့ငင်ဖြားယောင်းသော အကြည့်များအတွင်းသို့ ကြွေဆင်းလုမတက်ဖြစ်သွားရသည်။သူ့နှလုံးသားထဲမှာ အနည်းငယ်နာကျင်သွား၏။ သို့သော်လည်း ထိုနာကျင်မှုအပြင် တုန်ယင်နေသောထုံထိုင်းမှုအချို့ကိုပါ ခံစားလိုက်ရ၏။
ကျောက်ကျင်ရှင်းက ........ဝန်ခံတယ်တဲ့လား။ သူ့ကို ဝန်ခံတယ်ပေါ့လေ....တကယ်ကြီးပဲလား.......တရားဝင်ပြောနေတာလား.........
ကျောက်ကျင်ရှင်းက ပြုံးသည်။
"ခင်ဗျားတစ်ခုခုတော့ပြောလေဗျာ....ခင်ဗျားက ဒီလိုကြီးလုပ်နေတော့ ကျွန်တော် တော်တော်ကြီးစိတ်လှုပ်ရှားနေမိပြီ"
ကျောက်ကျင်ရှင်း စိတ်လှုပ်ရှားနေတာကိုတော့ လီရှော့မမြင်ပါချေ။ သူ့အတွက်ကတော့ ထုံးစံအတိုင်း စိတ်လှုပ်ရှားဖို့ဆိုတာ ခက်လှသည်။ သူ့ဘဝမှာ ဖွင့်ဟဝန်ခံတာမျိုးကို အကြိမ်ပေါင်းများစွာကြုံဖူးခဲ့ပြီဖြစ်သည်။ အသစ်အဆန်းမဟုတ်သည့် ဝန်ခံချက်လေးတစ်ခုလောက်ကို သူကဘယ်လိုလုပ် စိတ်လှုပ်ရှားနေရမှာတဲ့လဲ။
လီရှော့ တံတွေးမြိုချလိုက်သည်။ သို့ပေမယ့် သူ့အသံတွေကအနည်းငယ်တုန်ယင်နေသည်။
"မင်းဘာလို့များ ရုတ်တရက်ကြီး....."
"ရုတ်တရက်ကြီးတဲ့လား......ဘယ်နားက ရုတ်တရက်ဆန်နေလို့လဲ"
ကျောက်ကျင်ရှင်းအမူအရာက အနည်းငယ် ဝမ်းနည်းသွားသည့်ဟန်ဖြစ်လာသည်။
BẠN ĐANG ĐỌC
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
Lãng mạnBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...