Chapter 50(Unicode)

15.8K 1.9K 343
                                    

လီရှော့နှင့်ဝမ်းရှောင်ဟွေးက ညရေးညတာအတွက် ဆေးရုံနားက ဟိုတယ်တစ်ခုမှာ အိပ်ကြပြီး လီချန်ရှို့နှင့်ကျောက်ကျင်ရှင်းကတော့ ဆေးရုံမှာပင်နေကြလေသည်။

နောက်တစ်နေ့မနက်မိုးလင်းတော့ ဝမ်းရှောင်ဟွေးက သူ့ကိုလာနှိုးကာ ရှောက်ချွင် သတိရလာပြီဖြစ်ကြောင်းနှင့် စိုးရိမ်စရာမရှိတော့ကြောင်း ပြောပြလာသည်။

လီရှော့ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။ ကလေးအကြောင်းသိပြီးကတည်းက သူလှိုက်လှိုက်လှဲလှဲမျှော်လင့်မိသည်က ရှောက်ချွင်ဟာ လီချန်ရှို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ပင်။

လီရှော့ ဆိုလိုက်သည်။

"အထဲဝင်ပြီး ခဏလောက်ထိုင်ဦးလေ"

ဝမ်းရှောင်ဟွေးက အခန်းထဲဝင်လာကာ ဆိုဖာပေါ်မှာထိုင်ချလိုက်ရင်း

"အစ်ကိုကြီးလီ...ကျွန်တော် ရှောက်ချွင်ကိုမတွေ့ချင်ဘူး။ သူလည်း ကျွန်တော်တို့ရောက်နေတာမသိလောက်ဘူး။ ကျွန်တော်တို့တွေ ချန်ရှို့နဲ့နှစ်ရက်လောက်အဖော်ပြုပေးပြီးတော့ ရှောက်ချွင်အစ်မတွေ ပြန်သွားရင် ကျွန်တော်တို့ပါပေကျင်းကိုပြန်ကြမယ်နော် ရလား"

"ရတယ်လေ ကိုယ်လည်း သူ့ကိုမမြင်ချင်ဘူး"

လီရှော့က ဖုန်းကိုကောက်ယူလိုက်တော့ ရှေ့နေဝမ်ဆီကနေ သူဟာ လုပ်ငန်းစဥ်ကြီးကြီးမားမားတစ်ခုကိုဆောင်ရွက်ပြီးပြီဖြစ်ကြောင်းပြောပြထားသည့် မက်ဆေ့ချ်တစ်စောင်ကိုမြင်လိုက်ရသည်။သူ့နှလုံးသားက တုန်ယင်သွားရင်း စာပြန်လိုက်၏။

{အခု မလှုပ်ရှားနဲ့ဦး။ ကျွန်တော် ခင်ဗျားကိုနောက်မှပြန်ဆက်ပါ့မယ်}

"ကျွန်တော် တစ်ညလုံးအိပ်လို့မရဘူး"

ဝမ်းရှောင်ဟွေးက သူ့ဖုန်းကိုဆွဲထုတ်ကာ မျက်နှာကိုဓါတ်ပုံတစ်ချက်ရိုက်သည်။

"မျက်ကွင်းညိုကြီးတွေဖြစ်လာပြန်ပြီ။...စကားမစပ် ဒီနေရာနဲ့မနီးမဝေးလေးမှာလေ အချိုရည်ရောင်းတဲ့ရောင်ရှိတယ်။ ကျွန်တော်တို့ ချန်ရှို့အတွက်ဝယ်သွားကြရအောင်"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Donde viven las historias. Descúbrelo ahora