Unicode
လီရှော့သည် ကျောက်ကျင်ရှင်း၏ မျက်ဝန်းများအတွင်းမှ ရူးနှမ်းမှုများနှင့် မျှော်လင့်ချက်ပျက်သုဥ်းနေမှုများကို မြင်တွေ့လိုက်ရသည်။ကျောက်ကျင်ရှင်း ထိုကဲ့သို့လုပ်လိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားမိခဲ့ပေ။
သေချာသလောက် ...သူ့အတွင်းစိတ်၏ အနက်ရှိုင်းဆုံးနေရာမှာအမှတ်ရချင်ဆုံးအရာဟာ သူ့အပေါ် ကလေးဆိုးလို ဂျီကျတတ်သောကောင်ငယ်လေးသာဖြစ်သည်။သူ့အားကြောက်လန့်စေသော လူကို မဟုတ်ခဲ့။
လီရှော့ကို ပွေ့ဖက်ထားသည့် ကျောက်ကျင်ရှင်း၏ လက်အစုံဟာလည်း တုန်ယင်လို့နေပါ၏။
ထိုစကားလုံးတွေကိုပြောခဲ့စဥ်က ကျိုးကျင်ရှင်း၏ သရော်တော်တော်လေသံကို သူဘယ်တော့မှ မေ့တော့မည်မဟုတ်ပေ။သူ ဘာတွေပဲလုပ်ပါစေ၊ ကျေနပ်သဘောကျအောင်၊ နီးစပ်အောင် ဘယ်လောက်ပဲ ကြိုးစားပါစေ လီရှော့ကတော့ သူနှင့် ပို၍ ပို၍ ဝေးကွာသွားသည့်ပုံပေါ်၏။ထို့ပြင် သူ့ကို ရက်ရက်စက်စက် လှည့်စားဖို့ရာ အပြင်လူနှင့်တောင် ပူးပေါင်းလိုက်သေးသည်။
လီရှော့နှင့် ထပ်မံနီးစပ်ခွင့်ရမည့်အကြောင်းပြချက်ရခဲ့စဥ်က သူ့မှာ စိတ်လှုပ်ရှားလွန်ကာ တစ်ညလုံးတောင် အိပ်မရနိုင်ခဲ့။ပရောဂျက်အစီအစဥ်မှာ လီရှော့အား အံ့အားသင့်စရာ အမျိုးမျိုးပေးဖို့လည်း ကြံရွယ်ထားသည်။သို့သော်လည်း လီရှော့ကတော့ ကျိုးကျင်ရှင်းနှင့်အတူ သူ့ကိုဘယ်လိုခွာချရမလဲဆိုတာကိုသာ ဆွေးနွေးနေခဲ့လေသည်။
သူသည် ကျိုးကျင်ရှင်းထံမှ သတင်းကြားရစဥ်က ရယ်ချင်စရာကောင်းလှတာကြောင့် ဖြစ်နိုင်လျှင် တစ်ယောက်ယောက်ကို သတ်ပစ်ချင်စိတ်ပင် ပေါက်ခဲ့ရသည်။
လူယုတ်မာဖြစ်စေ၊ တိရစ္ဆာန်ကောင်ဖြစ်စေ အနည်းဆုံးတော့ သူဒီလိုလုပ်လိုက်ခြင်းဟာ လီရှော့အား သူ့ထံသေချာပေါက်ပြန်လာစေသည်။ ဤလူ အဝေးထွက်သွားခြင်းထက် ပိုဆိုးရွားသည့်အရာ မရှိတော့ပြီဖြစ်ရာ သူ့အတွက်တော့ ဘာတွေပဲဖြစ်စေ ကိစ္စမရှိတော့ချေ။
လီရှော့၏ လေသံက အေးစိမ့်နေသည့်အသံအဖြစ်ပြောင်းသွားသည်။ သူ့အသံက တိုးဖွကာ ခံစားချက်တို့ရှိမနေခဲ့ပေမဲ့ အလွန်တည်ငြိမ်နေသည်။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...