Unicode
ဟိုးအောက်ဆုံးမှာ Wedding photoတွေ ထည့်ပေးထားတာမို့ don't skip......
စောင်းချလိုက်သည့် ခရစ္စတယ်ဝိုင်ခွက်ထဲကနေ အနီရင့်ရောင်ဝိုင်တွေက လောင်းကျလာကာ ကျောရိုး၏မြောင်းတိမ်တိမ်လေးထဲသို့ရေစီးကြောင်းငယ်ကဲ့သို့ ပြတ်တောင်း ပြတ်တောင်း စီးကျလာပြီး ဖြူဖွေးနေသည့်အသားအရေအား တောက်ပြောင်ချောမွတ်သွားစေ၍ ညို့ငင်မှုတို့ဖြစ်သွားစေရသည်။
ကျောက်ကျင်ရှင်းက ခေါင်းငုံ့ကာ ပန်းနုရောင်လျှာလေးကို ထုတ်ရင်း လီရှော့၏ ကျောရိုးတစ်လျှောက် လျက်သွားရင်း ချိုမြမြဝိုင်တို့ကို သူ့ပါးစပ်ထဲသို့ ကျော့ယူလိုက်၏။
လီရှော့ဟာ မသဲမကွဲရေရွတ်ရင်း သူ့ခန္ဓာကိုယ်က လှုပ်လှုပ်ရှားရှား ဖြစ်လို့သွားသည်။
ကျောက်ကျင်ရှင်းက သူ့ကျောပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်၏။
လီရှော့က မျက်လုံးကိုမှေးစင်းထားရင်း အက်ကွဲကွဲဆိုလိုက်သည်။
"ဘာလုပ်နေတာတုန်း"
"ဝိုင်အရသာခံနေတာလေ"
ကျောက်ကျင်ရှင်းက နှုတ်ခမ်းတွန့်ကာပြုံးသည်။ ထိုအပြုံးက မိန်းမောတွေဝေစေကာ ဆက်စီကျလှသည်။ သူက လီရှော့ထံ ဖန်ခွက်မြှောက်ပြရင်း တစ်ငုံသောက်လိုက်၏။
"......ဘယ်အချိန်ရှိပြီလဲ "
"မသိဘူး။ သိလည်း မသိချင်ဘူး"
ကျောက်ကျင်ရှင်းက ဝိုင်ခွက်ကိုချကာ သူ၏ လက်ဖဝါးကြီးကြီးတို့ဖြင့် လီရှော့၏ ဆံနွယ်တို့ကို ပွတ်သပ်ဖွလိုက်ရင်း။
"အချိန်ကအရေးမပါဘူး။ ခုညက ဘယ်တော့မှမပြီးဆုံးသွားလေ ကောင်းလေပဲ"
လီရှော့က ပျင်းရိပျင်းတွဲဆိုလိုက်သည်။
"မင်းဟာက လွန်လွန်းအားကြီးပြီ။ ကိုယ့်ကို အားကုန်ပြီးသေစေချင်နေတာလား"
သူက မှောက်ခုံလေးအတိုင်းဆက်နေနေလိုက်သည်။ယင်းပုံစံက အနည်းငယ်တော့ မသက်မသာဖြစ်ရပေမဲ့ ပက်လက်လှန်လိုက်ဖို့တောင် သူပျင်းနေခဲ့ပြီ ဖြစ်၏။သူတို့နှစ်ယောက်ဟာ ရေကူးကန်ကနေ ဧည့်ခန်း၊ ဧည့်ခန်းကနေ အိပ်ခန်းထိ ခရီးဆက်ထားကြသည်မို့ ခုဆို သူ့ခါးအောက်ပိုင်းက ထုံနေသလားတောင် ထင်ရသည်။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...