Chapter 13(Unicode)

18.5K 2.4K 407
                                    

Translator : oink_oink_95

Warning🔞🔞🔞

Full chapter

ဟိုတယ် အခန်းအတွင်း ဝင်လိုက်သည်နှင့် ကျောက်ကျင်ရှင်း သည် လီရှော့ကို နံရံသို့ တွန်းကပ်ပို့၍ ဖိထားလိုက်ပြီး သူ့နှုတ်ခမ်းနွေးနွေးများဖြင့် ဖိကပ်ပိတ်ဆို့လိုက်သည်။ အနမ်းသည် အလျင်လို၍ အရှိန်ပြင်းလှသည်။

လီရှော့သည် သူ့ အတွင်းစိတ်လှောင်အိမ်တံခါးကလေး တွန်းဖွင့်ခံလိုက်သကဲ့သို့ခံစားသွားရသည်။ တစ်စုံတစ်ရာသည် စိတ်လှောင်အိမ်ထဲမှ ထိုးထွက်သွားကာ လစ်ဟာသွားလျက်၊ တရှိန်ထိုး စီးဆင်းလာသည့် စီးကြောင်းက ခန္ဓာကိုယ်အနှံ့အပြား ချက်ချင်းလက်ငင်း ပွတ်သပ်သွားသလို။ သူ အချိန်အကြာကြီး ခွဲခွာနေရသော စိတ်လှုပ်ရှားမှုများ...။

သူသည် လူတကာနှင့် ကိုယ်လက်နှီးနှော ဆက်ဆံတတ်သောသူမျိုးမဟုတ်ရပါချေ။
ငယ်သွေးကြွစဉ်ကာလက အချိန်အတိုင်းအတာတစ်ခုအထိ ရူးရူးမိုက်မိုက် လုပ်ခဲ့တာမျိုးရှိဖူးခဲ့သော်လည်း အလုပ်အကိုင်နှင့် အသက်အရွယ် ရလာသည်နှင့်အမျှ သူ့ကိုယ်စိတ်နှလုံး ကို အကောင်းဆုံးထိန်းချုပ်နိုင်နေမြဲပင်။ တစ်စုံတစ်ယောက်ထံမှ ယခုကဲ့သို့ ပေါက်ကွဲလုနီးနီး စိတ်ခံစားချက် ရရှိခဲ့သည်မှာ အလွန်ကြာခဲ့ပြီဖြစ်သည်။ လူတိုင်းမှာ ဒီလို ပေါက်ကွဲထွက်လုနီးနီး လိုအင် အတွေ့အကြုံများရှိကြသည်ပင်။သို့သော် ယခုတစ်ခေါက်ကမူ မတူကွဲပြားသည်။

သူ Sex လုပ်ရတာကို တကယ်ပင် နှစ်သက်သည်။ သို့သော်လည်း အခြားအရာများကနေရရှိခဲ့ဖူးသည့် များပြားသော အောင်မြင်မှုများ၊ အရည်အချင်းတိုးတက်မြင့်မားလာမှုများ ကလည်း သူ့ကို ကျေနပ်စေနိုင်ပါသည်။ လိင်ကိစ္စဆိုသည်က သူ့လိုအတွေ့အကြုံအပြည့်ရှိပြီးသားလူအတွက် ဘဝရဲ့လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုသာလို့ပြောလို့ရသော်လည်း သူ့ရဲ့ဆွဲဆောင်အားကောင်းတဲ့လူငယ်ဘဝနဲ့ ဆန်းကြယ်လှမှုတွေကတော့ မရှိတော့တာကြာပြီဖြစ်သည်။

သို့သော် အခုလေးတင်မှ ထိုစိမ်းသက်လှသော စားသောက်ဆိုင်တွင် ကျောက်ကျင်ရှင်းက သူ့ရဲ့ ပြင်းပြလှတဲ့စိတ်ဆန္ဒတွေကိုပြန်လည်ရှင်သန်စေကာသူ့ရဲ့လူငယ်ဘဝကို "လှုပ်နှိုး"စေလိုက်ပါ၏။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now