Chapter 42(Unicode)

15.1K 1.9K 214
                                    


ဆရာဝန်ရောက်လာသည့်အခါ သူက လီရှော့အား ဆေးတစ်လုံးထိုးပေး၍ သောက်ဆေးတစ်ချို့ပေးခဲ့သည်။

ကျောက်ကျင်ရှင်းက လီရှော့အား ဆေးတိုက်ပြီးသည့်အခါ လူကိုပွေ့ချီ၍ ရုံးခန်းထဲရှိနားနေခန်းထဲ လှဲနေစေသည်။

လီရှော့နုံးချိနေကာ အားပျော့စွာဆိုလိုက်သည်။

"ကိုယ့်ကိုအိမ်...ပြန်ပို့ပေးဖို့ရှောင်လျို့ကိုခိုင်းလိုက်မယ်"

"ကျွန်တော် ရှောင်လျို့ကို ပြန်ခိုင်းလိုက်ပြီ"

ကျောက်ကျင်ရှင်းက လီရှော့၏နှာခေါင်းအား ခပ်ဖွဖွဆွဲရမ်းလိုက်ရင်း အပြုံးနှင့်ဆိုသည်။

"ခင်ဗျားကအခု ကျွန်တော့်လက်ထဲမှာ ကျွန်တော့်ရဲ့ရှောင်လာမ့်လေးရဲ့"

လီရှော့မှာ ကျောက်ကျင်ရှင်းနှင့်ငြင်းခုံဖို့အားအင်မရှိတော့ချေ။ ခုချိန် သူအိပ်ပဲအိပ်ချင်နေတော့သည်။

ကျောက်ကျင်ရှင်းက သူ့နဖူးအား အနမ်းခြွေလိုက်ရင်း

"အိပ်လိုက်တော့။ နိုးလာရင် ကောင်းသွားလိမ့်မယ်"

လီရှော့သည် မျက်လုံးတို့ကိုမှိတ်လိုက်ရင်း ဤအချင်းအရာကိုအိမ်မက်တစ်ခုလိုသဘောထားဖို့ တွေးနေမိသည်။ အိမ်မက်ထဲမှာတော့ ကျောက်ကျင်ရှင်းသည် သူ့နံဘေးမှာပဲ ရှိနေဆဲဖြစ်ကာ နှစ်ဦးသားသည် သဘာဝကျကျပွေ့ဖက်ထားခဲ့ကြပြီး အနည်းငယ်လည်း ထိန်းချုပ်မှုတို့လွတ်နေခဲ့၏။

ကျောက်ကျင်ရှင်းသည် ကုတင်ကိုမှီလိုက်ရင်း တစ်ဖြည်းဖြည်းအိပ်မောကျသွားပြီဖြစ်သော လီရှော့ကို ကြည့်နေမိသည်။ အချိန်အတော်ကြာသည့်တိုင်အောင် သူ့အကြည့်တို့ကို မလွှဲဖယ်ခဲ့ချေ။

********

လီရှော့မျက်တောင်တို့က တစ်ဖျတ်ဖျတ်လှုပ်ခတ်လာကာ မျက်ခွံတို့ကိုခက်ခက်ခဲခဲဖွင့်ကြည့်လိုက်သည်။ရင်းနှီးကျွမ်းဝင်နေသည့် သနပ်ခါးရောင်လိုက်ကာစတို့က သူ့မြင်ကွင်းထဲ ပေါ်လာ၏။ သူ....အိမ်ပြန်ရောက်နေတာလား။

အိမ်မက်လား၊ နိုးနေတာလား ဟူသည်ကို တစ်ခဏလောက်တော့ သူမသိသေးပေ။ သို့သော်လည်း သူ့ဦးခေါင်းက မူးနောက်နောက်ဖြစ်နေဆဲဖြစ်ကာ လည်ချောင်းကလည်းခြောက်ကပ်၍ကျိန်းစပ်နေတာကိုတော့ ခံစားမိသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now