Chapter 9.1 (Unicode)

17K 2.4K 57
                                    


အပန်းဖြေအနားယူရမယ့် နေရာကိုရောက်တော့ ညစာစားချိန်တောင် ရောက်နေခဲ့ပြီ ဖြစ်သည်။ အိမ်တော်ထိန်းက ခြံဝန်းထဲတွင် ဘာဘီကျူ့တွေစားသောက်ဖို့ရာ ပြင်ဆင်ပေးထား၏။ ယခုအချိန်ရဲ့ ရာသီဥတုသည်က မပူလွန်းမအေးလွန်းအခြေအနေမို့ အပြင်ဘက်တွင် ပွဲလေးကျင်းပဖို့ရာ အကောင်းဆုံးပါပင်။

ဗီလာထဲတွင်တော့ Samoyedအမျိုးအစား ခွေးနှစ်ကောင်ရှိလေသည်။ လူတွေ ဝင်လာတာမြင်တော့ ထိုခွေးနှစ်ကောင်က အလွန် စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် ကျောက်ကျင်ရှင်းအပေါ်ကို ခုန်ဆွ ခုန်ဆွနဲ့ ခုန်တက်နေတာပဲ ဖြစ်သည်။

လီရှော့ရဲ့ တုံ့ပြန်မှုတို့ကဖြင့် အလွန်လျှင်မြန်လှစွာဖြင့် ကျောက်ကျင်ရှင်းရဲ့ လက်ကောက်ဝတ်ကို မြှောက်ကိုင်ပြီးလျှက်သားပင်။

ထိုအချင်းအရာကိုမြင်တော့ ကျောက်ကျင်ရှင်းက လီရှော့ကို အံ့အားတသင့်ဟန်ဖြင့် ကြည့်သည်။

လီရှော့ကတော့ စိတ်သက်သာရာ ရသွားပြီမို့ ခပ်အေးအေးသာ ပြန်ပြောလိုက်သည်။

"ဒီနှစ်ကောင်က မင်းလက်ပေါ်ကို ခုန်တက်လုနီးပါးဖြစ်နေလို့"

ကျောက်ကျင်ရှင်းရဲ့ လက်မောင်းတစ်ဖက်က လီရှော့ရဲ့ လည်တိုင်ပေါ်ကို သိုင်းဖက်လာသည်။ သူက ရင်းနှီးခင်မင်စွာဖြင့် ခပ်တိုးတိုး စကားဆိုပါ၏။

"ကျေးဇူးပါဗျာ"

လီရှော့ကအမြန်အဆန်ပင် သူ့လက်တို့ကိုဖယ်ရှားလိုက်သည်။ ထို့နောက်တွင်မှ သူက လက်ချောင်းတို့ကို အနီးကပ်ဆွဲယူကာ ကြည့်လိုက်သည်။ အရင်နှစ်ရက်ထက် စာလျှင်တော့ ယောင်ရမ်းတာက လျော့သွားပေပြီ။ သူက ဆိုလိုက်သည်။

"အရင် စားလိုက်ရအောင်...ညစာစားပြီးမှ ကိုယ်မင်းကိုဆေးပူလိမ်းပေးပြီးတော့ ဆေးတိုက်မယ်"

ကျောက်ကျင်ရှင်းကတော့ဖြင့် သူ့ရဲ့ ဘယ်ဘက်လက်ဖြင့် ခွေးနှစ်ကောင်ရဲ့ခေါင်းကို ပုတ်ပေးလျက်။

"သူတို့က တစ်မအေတည်းကနေ ပေါက်တဲ့ ညီအစ်ကိုတွေ...သူ့နာမည်က အန်းတဲ့။ နောက်တစ်ကောင်က ဘီးတဲ့။ ဒါပေမဲ့ ကျွန်တော်ကကျ သူတို့နှစ်ကောင်ကို မခွဲတတ်ဘူး"

"နာမည်တွေက ဝတ်ကျေတမ်းကျေနဲ့ကြုံရာပေးထားသလိုပဲ။ တတိယတစ်ကောင်များ ထပ်မွေးရင် စိုင် လို့များ ပေးဦးမလားပဲ"

ကျောက်ကျင်ရှင်က အသံထွက်အောင် အော်ရယ်တော့သည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now