Unicode
ဓါတ်ပုံရိုက်ပြီးနောက် လီရှော့သည် သူ့အိတ်ကပ်ထဲကနေ ချိတ်ပိတ်ထားသည့်အိတ်ကို ဆွဲထုတ်လိုက်သည်။ ထိုအထဲမှာ သူ့ဖခင်၏ လက်ဗွေရာကိုသုံးပြီး သူလုပ်ထားသော လက်ဗွေရာပါလက်အိတ်တို့ ပါဝင်၏။
အန်းနန်၏ ဘဏ္ဍာရေး system ကလက်ဗွေရာနှင့် စကားဝှက်ကို နှစ်မျိုး နှစ်စားအတည်ပြုဖို့လိုအပ်ကြောင်း သူသိထားသည်။ ထို့ကြောင့်ပင် တစ်စုံပြင်ဆင်လာခဲ့ခြင်းပါပေ။ခုချိန်မှာ systemထဲကို အောင်အောင်မြင်မြင် ဝင်နိုင်ပြီဖြစ်ပေမဲ့လည်း မီးခံသေတ္တာကိုဖွင့်ဖို့ နည်းလမ်းကိုတော့ ရှာထားရမှာပင်ဖြစ်သည်။
လီရှော့အတွက် ဤအရာမျိုးလုပ်ခြင်းက ပထမဆုံးအကြိမ်ပင်ဖြစ်၏။ သူ အနည်းငယ် စိတ်လှုပ်ရှားကာ အပြစ်ရှိစိတ်တော့ဖြစ်မိသည်။ သို့သော်လည်း အဆိုးဆုံးရလာဒ်အနေဖြင့် သူ့ဖခင် သိသွားရုံအပြင်မရှိတာကို တွေးမိသွားတော့ သိပ်ပြီး ဝန်ထုပ်ဝန်ပိုးရှိမနေတော့ချေ။
သူ့ဖခင် အသုံးပြုလေ့ပြုထရှိသည့် စကားဝှက်က နှစ်မျိုးရှိသည်။ ယင်းက အက္ခရာ ၂၆လုံးထဲမှ သူနှင့် သူ့အမေ၏ နာမည် အက္ခရာ အစဥ်လိုက်တွေပင်ဖြစ်သည်။systemထဲဝင်ဖို့ စကားဝှက်က သူ့မိခင်၏ဟာ သာ ဆိုလျှင် မီးခံသေတ္တာအတွက် စကားဝှက်က သေချာပေါက် သူ့ဟာပင် ဖြစ်ပေမည်။
လီရှော့သည် လက်ဗွေရာကို ဖိကာ လျို့ဝှက်နံပါတ်ကို တစ်ကြိမ်ကြိုးစားကြည့်လိုက်တော့ ပွင့်သွားလေသည်။
လီရှော့၏ နှလုံးသားက တဒိတ်ဒိတ်ခုန်နေသည်။ သူ ဘာကိုများရှာတွေ့မလဲဟူသည်ကို သူလည်းမသိချေ။ သို့သော်လည်း စာရင်းဝင် ကုမ္ပဏီဖြစ်နေသမျှ အကောင့်တွေက သန့်ရှင်းမှာမဟုတ်ပေ။ တစ်ခုခုကိုတော့ သူသေချာပေါက် ရှာတွေ့ပေလိမ့်မည်။
သူ ဖိုင်အနည်းငယ်ကို ဆွဲယူကြည့်ရင်း ခပ်မြန်မြန်လှန်လှောကာ ဓါတ်ပုံကို ရာနှင့်ချီအောင် ရိုက်ထားလိုက်သည်။ ထိုကိစ္စအပြီးမှာ သူ့လက်ဖဝါးတွေက ချွေးတွေထွက်လို့နေသည်။ သူက ဖိုင်တွေကို နေရာတကျ ဂရုစိုက်ပြန်ထားကာ မီးခံသေတ္တာကိုပိတ်၍ လက်ဗွေရာပါလက်အိတ်ကို ချွတ်ရင်း အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...