Unicode
လီရှော့သည် ကျောက်ရုန်ထျန်း၏ အရှေ့မှာ မြီးကောင်ပေါက်တစ်ယောက်လို မပြုမူချင်ပေမဲ့လည်း ဘာကြောင့်မှန်းမသိစွာ သူ အတော်ရှက်နေမိလေသည်။
ကျောက်ရုန်ထျန်းက ပြုံးကာဆိုသည်။
"စိတ်မလှုပ်ရှားပါနဲ့ကွာ။ မင်းတို့လူငယ်တွေ ချစ်ကြ၊ ကြိုက်ကြတဲ့ကိစ္စကို အန်ကယ်က ဝင်မထိန်းချုပ်ပါဘူး။ဒါပေမဲ့ မင်းက အန်ကယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ သားဖြစ်နေတော့ အကောင်းဆုံးပေါ့ကွာ။မင်းတို့အတွက် အန်ကယ်တို့ကတော့ စိတ်ထဲကကို လှိုက်လှိုက်လှဲလှဲပျော်ပါတယ်။ မင်းတို့တွေက ဒီဆက်ဆံရေးကိုအလေးအနက်ထားပြီး အဆင်ပြေသွားကြဖို့လည်း မျှော်လင့်တယ်။ အကယ်၍ အန်ကယ်တို့တွေမိသားစုဖြစ်လာရင်တော့ ဒါဟာ ရွှေ ရွှေချင်းထပ်သလိုပဲပေါ့ကွာ"
လီရှော့က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဥက္ကဋ္ဌကျောက်....အန်ကယ်ကျောက်..ကျေးဇူးပါပဲ "
ကျောက်ကတော်ကလည်း ဝင်ရောက်စကားဆိုလာ၏။
"လီရှော့ မင်းက သူ့ထက်အသက်ကြီးတယ်။ တည်ငြိမ်ပြီး ဆင်ခြင်တုံ့တရားလည်းရှိတယ်။ နောက်ဆို မင်းပဲ သူ့ကိုဂရုစိုက်ပေးရလိမ့်မယ်။ အန်တီကတော့ တခြားဘာမှမတောင်းဆိုပါဘူး။ သူ ကျန်းမာပြီးဘေးကင်းဖို့ပဲမျှော်လင့်ပါတယ်။ ကျင်ရှင်းက မင်းစကားဆို ပိုနားထောင်တော့ အန်တီကပဲ သူ့ကိုမင်းဆီ အပ်ပါတယ်ကွယ်"
"အန်တီ...စိတ်ချပါ။ ကျွန်တော် သူ့ကို ကောင်းကောင်းဂရုစိုက်ပေးပါ့မယ်"
ကျောက်ကျင်ရှင်းက လီရှော့ပခုံးပေါ် လက်တင်ကာ ခပ်ဖွဖွ လှုပ်ယမ်းလိုက်၏။
"ဖေဖေ...မေမေ...ကျွန်တော်က အစ်ကိုကြီးလီ ပြောသမျှကို နားထောင်မှာပါဗျာ"
"မင်းပြောင်ကောရဲ့စကားကိုလည်း နားထောင်ရမယ်။ မင်းသိတယ်မလား။ဒီတစ်ခါ မင်းပြောင်ကောကို ကျေးဇူးတင်ရမှာ။ မင်းဖြစ်ချင်တာရှိရင် မိသားစုနဲ့အချိန်မရွေး ဆွေးနွေးရမှာပေါ့ကွဲ့။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် မလုပ်ရဘူး"

YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...