Chapter 79 (Uni+Zawgyi)

22.9K 2.3K 472
                                    

Unicode


လီရှော့ အိမ်ပြန်ရောက်ပြီးသည့်နောက် ဒေါသဖြစ်စွာဖြင့် ရှန့်နဥ်ထံဖုန်းဆက်ကာ သူ ပြဿနာတချို့ကြုံနေရကြောင်းနှင့် မနက်ဖြန် စကားပြောဖို့ကုမ္ပဏီသို့ လာခဲ့မည်ဖြစ်ကြောင်း ပြောလိုက်၏။

စိတ်ငြိမ်သွားသည့်အခါမှ လီရှော့သည် ဤအတောတွင်းက သူကြုံတွေ့ရသမျှကို ပြန်သုံးသပ်ကြည့်လိုက်သည်။ကံဆိုးမှုတွေက တစ်ကိုယ်တည်း ဘယ်တော့မှမလာတတ်၊ကံဆိုးမှုရှိလာလျှင်ကမ်းကုန်အောင်ကို ဆိုးတတ်သည်မှာ အမှန်ပင်။သူဟာ ရွှီတရွေ့က ဤကဲ့သို့ *ကျွေးသည့်လက်ကိုပြန်ကိုက်လိမ့်မည်ဟု ထင်မထားမိခဲ့သလို နှစ်ယောက်ကြားက နောက်ဆုံးသော ရင်းနှီးခင်မင်မှုကို ချိုးဖျက်ပစ်လိမ့်မည်ဟုလည်း ထင်မထားမိခဲ့ပါပေ။

သူသည်လည်း စိတ်ဒွိဟဖြစ်စရာ ဘာအကြောင်းရင်းမှ မရှိတော့ပါချေ။

ဤကိစ္စကိုဖြေရှင်းပြီးလျှင်တော့ သူ အမေရိကားသို့ပြန်တော့မည်ပင်။ သူဟာ သည်မှာနေထိုင်ဖို့ တကယ်ပဲမသင့်တော်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။အလုပ်အကိုင်ကလည်း ပြီးဆုံးသွားပြီ၊ အချစ်ရေးလည်း ပြီးဆုံးသွားပြီ၊ ကျန်တာတွေဟာတော့ စိတ်ပျက်စရာကိစ္စချည်း ဖြစ်နေသည်။

ရုတ်တရက် သူ့ဖုန်းက နှစ်ခါမျှမြည်လာသည်။ လီရှော့ ကောက်ယူကြည့်လိုက်တော့ ချန်ဝမ်ယုံ့ဆီက ဆိုတာမြင်လိုက်ရ၏။

သူက မက်ဆေ့ကို ကလစ်နှိပ်ကြည့်လိုက်တော့ ဓါတ်ပုံတစ်ပုံဖြစ်နေသည်။ အထူးသဖြင့် ဖုန်းဖြင့်ရိုက်ယူထားသည့် ဓါတ်ပုံဟောင်းတစ်ပုံဖြစ်ပြီး အုပ်စုပုံပင်ဖြစ်လေသည်။ ပုံထဲမှာ ဘေးချင်းယှဥ်ရပ်နေသည့်လူတန်းနှစ်တန်းရှိပြီး တစ်တန်းက လူငယ်တွေဖြစ်ကာ နောက်တစ်တန်းက ဆယ်ကျော်သက်တွေဖြစ်လေသည်။

လီရှော့ ကြက်သေသေသွားရင်း ဓါတ်ပုံကြည့်ရတာ ရင်းနှီးသလိုဖြစ်နေတာကို ဝေဝါးဝါးခံစားလိုက်ရသည်။သူက ဖုန်းမျက်နှာပြင်ကို လက်ချောင်းဖြင့်ပွတ်ဆွဲရင်း ပုံကိုအကျယ်ချဲ့ကြည့်လိုက်တော့ လူတန်းထဲမှာ သူ့ကိုယ်သူ မြင်လိုက်ရလေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now