Chapter 51(Unicode)

16.4K 2.3K 1K
                                    


သတိ!!သတိ!!သတိ!!

စိတ်နုတဲ့လူတွေ တီရှုးပြေးယူကြ။ စိတ်ကြီးတဲ့လူတွေက မွေ့ရာထူထူပေါ်မှာသွားဖတ်ကြ ဒါမှ စိတ်မထိန်းနိုင်လို့ဖုန်းကိုင်ပေါက်မိရင် မကွဲမှာ

***********

အချိန်က အလွန်တရာကြပ်နေသောကြောင့် နှစ်ယောက်သားမှာ ထိုရက်တွေအတောအတွင်း အလွန်အလုပ်ရှုပ်နေခဲ့ကြ၏။ဝမ်းရှောင်ဟွေးမှာလည်း အမြဲလိုလိုဖုန်းဖြေနေရသည်ပဲဖြစ်သည်။ တစ်ခါဖုန်းပြောလျှင်လည်း တစ်နာရီလောက်ကြာတတ်သည်။လီရှော့ကတော့ ဘယ်သူခေါ်တာလဲဆိုတာကို သေချာပေါက်သိနေခဲ့ပါ၏။

ဤအသေးစားအလှဆင်ခြင်းဖြစ်စဥ်တစ်ခုလုံးကို သူတို့နှစ်ယောက်တည်းသာလုပ်ခဲ့တာဖြစ်သည်။တစ်ယောက်ယောက်ကိုငှားခဲ့ပါက ဟိုတယ်၏သံသယကိုနှိုးဆွသလိုဖြစ်မှာကို စိုးရိမ်နေခဲ့သောကြောင့်ပင် ဖြစ်၏။ကိစ္စတွေပြီးသွားလျှင်တော့ ချက်ချင်းပင် ဟိုတယ်ကိုလျော်ကြေးပေးဖို့ရာ လီရှော့ ကြံရွယ်ထားသည်။ခုလောလောဆယ်ကတော့ ဟိုတယ်နှင့်အငြင်းအခုံမဖြစ်ချင်သေးပေ။

ပင်ပန်းတာကတော့ အတော်ကြီးကိုပင်ပန်းသည်။သို့သော်လည်း ကျောက်ကျင်ရှင်းပင်ပန်းနွမ်းလျနေသည့်အချိန်တွင် ကြည်နူးအားရဖွယ်ရာကောင်းသည့် ဆုမွန်ကောင်းလေးနှင့် နှစ်သိမ့်မှုတို့ကိုပေးနိုင်တော့မည့်အကြောင်းကိုတွေးမိသွားတော့ အရာအားလုံးက တန်ပါသည်ဟုပင် သူခံစားမိလေသည်။

ထိုညမှာ လီရှော့ဟာ ကျောက်ကျင်ရှင်းကို ရင်ခွင်ကြားမှာထားရင်း စာဖတ်ပြနေခဲ့၏။ စာအုပ်က လတ်တလောမှာရောင်းအားအကောင်းဆုံးဖြစ်နေသည့် လျို့ဝှက်သည်းဖိုဝတ္ထုဖြစ်သည်။ဇာတ်ကြောင်း၏အခန်းတစ်ခန်းချင်းစီတိုင်းဟာ တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းသည်။ကျောက်ကျင်ရှင်းက နားထောင်နေရင်း အိပ်ငိုက်လာကာ လီရှော့ရင်ခွင်ကြားကို ကလေးတစ်ယောက်လိုတိုးဝှေ့လေသည်။

"ကြောက်စရာကောင်းတယ်နော်"

လီရှော့ပြုံးလိုက်ရင်း

"မင်းတကယ်ရော နားထောင်နေလို့လား။​ပြောတဲ့ပုံက ခပ်လွယ်လွယ်ပြောလိုက်သလိုပဲနော်"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Donde viven las historias. Descúbrelo ahora