Chapter 78 (Uni+Zawgyi)

19.1K 2.2K 139
                                    

Unicode


အိမ်အပြန်လမ်းတွင် လီရှော့သည် စိတ်ဂဏာမငြိမ်ဖြစ်နေမှုကြောင့် တစ်ခြားလူ၏ ကားနောက်မြီးကို နောက်ကနေ ဝင်ချိတ်မိသွားတော့သည်။သူ ကားမောင်းလာသည်မှာ နှစ်များစွာကြာပြီ ဖြစ်ပြီး တစ်စုံတစ်ယောက်က ဘေးနားကနေပွတ်သပ်နေသည့်အချိန်မှာတောင် အမှားလုပ်မိခြင်းမျိုး တစ်ခါမျှပင်မရှိခဲ့ချေ။ဤအခြေအနေမျိုးနှင့် ကားမောင်းလျှင် မလုံခြုံဘူးဆိုသည်ကို သူသဘောပေါက်မိသွားရကာ ရှောင်ချန်ကို လှမ်းခေါ်ရတော့သည်။

ရှောင်ချန်က လျှော်ကြေးပေးချေပြီးနောက် ဒရိုက်ဘာခုံမှာ ဝင်ထိုင်သည်။သူက လီရှော့၏ စိတ်ဝိညာဥ်ကင်းမဲ့နေသည့် ပုံစံကိုကြည့်ရင်း သက်ပြင်းချသည်။

"ဥက္ကဋ္ဌလီ...ဒီအချိန်မျိုးမှာ အပြင်သွားစရာရှိရင် ဒရိုက်ဘာကို လာခေါ်ခိုင်းပါဗျာ။ ကျွန်တော့်အထင် ခင်ဗျားအခြေအနေဟန်မနေဘူးနော်"

"အင်း"

"ရွှီတရွေ့ ကိစ္စမှာ အလုပ်မဖြစ်ရင် ရဲခေါ်လိုက်ကြရအောင်။ သူက ခြိမ်းခြောက်နေတာဗျ။ခင်ဗျား ဒီလောက် ကြင်နာဖို့မလိုပါဘူးဗျာ"

"ဟမ်"

"ရွှီတရွေ့လေ"

လီရှော့သည် နှစ်စက္ကန့်လောက်ကြာမှ တုံ့ပြန်နိုင်သည်။

"ဪ ထားလိုက်ပါ။ ခပ်လျိုလျိုပဲဖြေရှင်းကြတာပေါ့။ ကိုယ် အမှားတစ်ခုကို ထပ်ခါထပ်ခါမလုပ်ပါဘူး။ တကယ်လို့ သူ့ဘက်က နောက်တစ်ကြိမ်ထပ်လုပ်လာရင်တော့ ရဲခေါ်ကြတာပေါ့"

ရှောင်ချန်သည် ရွှီတရွေ့က သူ့အား အသံဖမ်းစက်ဖြင့်ခြိမ်းခြောက်ထားခြင်းကို မသိပေ။ အကယ်၍သိလျှင်မူ ထိုကောင်လေးက သူ့ထက်ပို၍ တုန်လှုပ်နေပေလိမ့်မည်။

ရှောင်ချန်က ထပ်မံသက်ပြင်းချလိုက်ပြန်သည်။

"ဥက္ကဋ္ဌလီ...အိမ်ပြန်ပို့ပေးရမလား"

"အင်း"

လမ်းတွင် ...လီရှော့သည် ကျောက်ကျင်ရှင်း၏ အဖြစ်အပျက်ကိစ္စဆီကနေမှ သူ့အသိစိတ်ဝိညာဥ်က ဖြည်းဖြည်းချင်းစီ ပြန်ဝင်လာသည်။သူ မေးလိုက်၏။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now