Chapter 85(Uni+ Zawgyi)

23K 2.5K 1K
                                    

Unicode


လီရှော့က ကျောက်ကျင်ရှင်းကို ငါးစက္ကန့်လောက်ကြည့်နေပြီးမှ ခပ်ဖွဖွပြုံးကာ ခေါင်းခါယမ်းလိုက်သည်။

"ကျင်ရှင်း ကိုယ် ခုချိန်မှာ မင်းကိုမငြင်းနိုင်ဘူးဆိုတာ မင်းသိပါတယ်"

"အဲ့ဒါကြောင့် ကျွန်တော် ခုချိန်မှာဖွင့်ပြောတာပေါ့"

"ခံစားချက်က ခံစားချက်ပဲ"

"ကျေးဇူးတရားက ကျေးဇူးတရားပဲ။ ကျွန်တော်သိပါတယ်"

ကျောက်ကျင်ရှင်းဟာ နှုတ်ခမ်းထက်ကအပြုံးတစ်ပွင့်နှင့်အတူ ပြုံးလိုက်ရင်း ဆိုသည်။

"ဘယ်လိုလဲ။ ကျွန်တော်တို့နှစ်ယောက်မှာ မပြောဘဲသိနေတဲ့နားလည်မှုတွေတောင် ရှိနေပြီမလား"

လီရှော့က ရယ်မောလိုက်သည်။ သို့ပေမဲ့ သူ့မျက်ဝန်းတွေက အနည်းငယ်နာကျင်နေ၏။

"ကိုယ်မင်းကို မလိမ်ချင်ဘူး။ ခုချိန်မှာ မင်းက ကိုယ့်အတွက်နဲ့ဆေးရုံကုတင်ပေါ်မှာ လှဲနေရရင်တောင် ကိုယ်မလိမ်နိုင်ဘူး။ မင်းကိုယ့်ကို သဘောကျတယ်ဆိုတာတော့ ကိုယ်ယုံပါတယ်။ဒါပေမဲ့ ကိုယ် အနာဂါတ်ကို စိုးရိမ်တယ်။ကိုယ့်မှာ ယုံကြည်မှုနဲ့ သတ္တိတွေ နှစ်ခါတိတိပြည့်ပြည့်ဝဝ ရှိခဲ့တယ်။ အဲ့ဒါတွေကို မင်းဘက်က ရိုက်ချိုးပစ်ခဲ့တာ။ မင်းသာဆိုရင်ရော တတိယအကြိမ်ဆိုတာကို မစိုးရိမ်ဘဲနေနိုင်လား"

"မှန်ပါတယ်"

ကျောက်ကျင်ရှင်းက လီရှော့ကိုလက်ကို ဆုပ်ကိုင်လိုက်ရင်းဖြင့်။

"ကျွန်တော့်ကို နောက်အခွင့်အရေးပေးဖို့ ခင်ဗျားကိုတောင်းဆိုတာဟာ ခင်ဗျားအတွက်ကြီးမားတဲ့ စွန့်စားမှုတစ်ခုလိုဖြစ်နေမယ်ဆိုတာ ကျွန်တော် သိပါတယ်။ဒါပေမဲ့ ဒီအခွင့်အရေးလေးကိုသာပေးမယ်ဆိုရင် ဒီတစ်ခါစွန့်စားမှုနဲ့ တန်တယ်ဆိုတာကို သက်သေပြသွားပါ့မယ်"

သူက ပြုံးလိုက်ရင်း။

" ခင်ဗျားပြောသလိုပဲ ကျွန်တော်က လူယုတ်မာပါ။ ခင်ဗျားကျွန်တော့်ကို လက်ခံအောင် အတင်းအကြပ် အားကုန်သုံးခဲ့ပေမဲ့ ခုအခိုက်အတန့်လောက်တော့ မထိရောက်ဘူးလေ။ ကျွန်တော် လက်လွှတ်ပေးမှာမဟုတ်ဘူး"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Donde viven las historias. Descúbrelo ahora