Chapter 24 (Unicode)

17.3K 2.3K 326
                                    

လီရှော့သည် နေလို့မကောင်းဟူသောဆင်ခြေဖြင့် အောက်ထပ်သို့တစ်နေကုန်မဆင်းခဲ့ချေ။ဤသည်က သူ့ခံတွင်းပျက်နေလို့မဟုတ်ပဲ သူ့ကိုယ်သူ ထိန်းချုပ်ညှိယူနိုင်ဖို့ အလုံပိတ်နေရာလေးတစ်ခုလိုအပ်နေလို့ပဲ ဖြစ်သည်။စိတ်ဓာတ်ကျနေတဲ့သူ့ပုံစံကို တစ်ခြားလူတွေကိုမြင်စေဖို့ဆိုတာ မသင့်တော်ချေ။
မည်သူမျှ မသိစေပဲ သူမြိုချမိခဲ့တဲ့ဖန်ကွဲစတွေကိုသာ တိတ်တိတ်လေးအစာခြေနေချင်မိသည်။

ကံအကြောင်းမလှစွာပင် သူငယ်ချင်းတစ်ယောက်က နေ့လည်ခင်းမှာတွေ့ကြဖို့ မေးလာသည်။သူအလွန်ပင်ပန်းနွမ်းနယ်နေပေမယ့်လည်း စိတ်ပြောင်းသွားအောင် အပြင်ထွက်ပြီးသောက်စားကြဖို့ ဆုံးဖြတ်လိုက်သည်။

လီရှော့ သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်သည်။ သူအပြင်ထွက်တော့မည့်ဟန်ပြင်ချိန်တွင် အိမ်တော်ထိန်းရောက်လာကာ ကျောက်ကျင်ရှင်းက သူ့အားလာတွေ့ကြောင်း ပြောလေသည်။

ကျောက်ကျင်ရှင်းတစ်ယောက် စိတ်ကြီးဝင်စွာနဲ့ သူ့အိမ်ကိုရောက်ချလာရဲလိမ့်မယ်လို့ သူတကယ်ပဲ ထင်မှတ်မထားမိခဲ့။သူဒေါသတွေကို မြိုချထားလိုက်ရင်း

"သူ့ကို ဆယ်မိနစ်လောက်စောင့်ခိုင်းထားလိုက်ပါ"

မူလကတော့ သူသည် သာမန်ပေါ့ပေါ့ပါးပါးအဝတ်အစားတွေသာ ဝတ်စားထားတာဖြစ်သည်။ သို့သော်လည်း အိမ်တော်ထိန်း ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် ချက်ချင်းပင် ခမ်းနားသားနားတဲ့အနောက်တိုင်းဝတ်စုံနဲ့အတူ အရောင်တောက်တောက်နဲ့အစက်အပြောက်တွေထင်းနေအောင်ပါတဲ့နက်ခ်တိုင်ကို လဲဝတ်ပစ်လိုက်သည်။ထိုဝတ်စုံက စမတ်ကျကျသွင်ပြင်ထဲကမှ ခပ်မြူးမြူးခံစားမှုကိုပါ ပေးစွမ်းလေသည်။

တစ်ချက်ကြည့်ရုံနဲ့ အထက်တန်းစားနေရာတစ်ခုမှာ ဒိတ်သွားလုပ်ဖို့ ဝတ်စားထားတဲ့ပုံ ထင်ရစေပါ၏။ထို့နောက် သူက ဆံပင်ကိုပုံပြန်သွင်းကာ ရေမွှေးအနည်းငယ်ပါ ဖြန်းလိုက်သည်။

သူ့ကိုယ်သူ မှန်ထဲမှာကြည့်မိတော့ ဖုံးဖိထားလို့မရနိုင်သည့်မျက်ကွင်းညိုတွေကလွဲလို့ သူဟာ အပြစ်အနာအဆာကင်းသည့် စင်းလုံးချောပင်။ ရုတ်တရပ်ဆိုသလို သူ ဝမ်းရှောင်ဟွေးကို အတော်ကြီးလွမ်းမိသွားသည်။ထိုမှင်စာလေးသာ ဒီမှာရှိနေမယ်ဆိုရင် သူ့မျက်နှာကို မဂ္ဂဇင်းမှာ ကာဗာဖိုတို ချက်ချင်းရိုက်လို့ရတဲ့အထိ ပြင်ဆင်ပေးမှာ သေချာသည်။တစ်ချိန်တည်းမှာလည်း သူရယ်မောအောင် လုပ်နိုင်စေမှာပင်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now