Unicode
(ဒီအပိုင်းက တချို့စကားလုံးတွေ၊ ဒိုင်ယာလော့တွေက သိပ်မတိကျလို့ အားနာမိပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်)
ချန်ရှန့် မိတ်ဆက်ပေးသည့်ပုဂ္ဂိုလ်က ချန်ဝမ်ဝူ ဟု အမည်ရသည့်လူဖြစ်သည်။ထိုသူဟာ *တကျုံးဟွာ နယ်ပယ်ရှိ သူတို့ကုမ္ပဏီမှ ဗီအိုင်ဗီများထဲမှ တစ်ယောက်ပင်ဖြစ်၏။စကားကောင်းကောင်းပြောတတ်သည့် ထက်မြက်သည့်ပုဂ္ဂိုလ်ပင်။
ချန်ဝမ်ဝူက X တက္ကသိုလ်က ဧည့်ပါမေက္ခတစ်ဦးဖြစ်ကာ လူငယ်လူတော်အများအပြားကိုလည်း သိရှိသူပင်ဖြစ်သည်။ သူက လီရှော့အား အလွန်အလားအလာကောင်းသော လူငယ်အချို့နှင့်ကုမ္ပဏီငယ်အချို့အား မိတ်ဆက်ပေးရာတွင် အတော်ကြီး တက်ကြွနေပါ၏။
သုံးယောက်သားက စားရင်းသောက်ရင်း စကားပြောရင်းဖြင့် လေထုက အလွန်သာယာလို့နေသည်။
ဦးစားပေးကိစ္စဖြစ်သည့် သီးသန့်ကိစ္စတို့ကို ပြောဆိုပြီးစီးကြသည့်နောက်မှာတော့ စကားဝိုင်းက လီရှော့၏ တစ်ကိုယ်ရေဘဝနေထိုင်မှုဆီပြောင်းလာကာ ချန်ဝမ်ဝူက လီရှော့ဟာ ခုထိ စင်ဂယ်ပဲလား ဟူသည်ကို တဲ့တိုးပင် မေးလေတော့သည်။
လီရှော့က ထိုစကားခေါင်းစဥ်ကို ဆက်မပြောချင်သည်မို့ ပြုံး၍သာ ခေါင်းညိတ်ပြလိုက်သည်။
"မစ္စတာလီက ခုလိုအခြေအနေမျိုးမှာ စင်ဂယ်တဲ့လား။ ခင်ဗျားဘေးက လူတွေကတော့ ခင်ဗျားကို *ဝံပုလွေချောင်း ချောင်းနေကြမှာပဲနော်"
ချန်ဝမ်ဝူက ပြုံးလိုက်ရင်း ချန်ရှန့်ထံ လှမ်းကြည့်သည်။
ချန်ရှန့်က သူ့လက်တို့ကို ထပ်ခါတလဲလဲ ဝေ့ယမ်းလိုက်၏။
"ဝေ့ ဝေ့...ငါ့ကို လာပြီးစမ်းသပ်မနေနဲ့။ လီရှော့နဲ့ငါက သူငယ်ချင်းဖြစ်တာ နှစ်နှစ်ဆယ်ကျော်နေပြီ။ဒီခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းထားနိုင်တဲ့ အဓိကအချက်ကလည်း ငါတို့က တစ်ယောက်ကိုတစ်ယောက် စိတ်မဝင်စားကြလို့ပဲ"
လီရှော့က ရယ်မောလိုက်ရင်း
"ဟုတ်ပ အမှန်ပဲ"
![](https://img.wattpad.com/cover/228735036-288-k595811.jpg)
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...