Unicode
လီရှော့က ကျောက်ကျင်ရှင်း၏ လက်ကို မြဲမြံစွာလှမ်းဆွဲကာ အသံနက်နက်ဖြင့် စကားဆိုလိုက်၏။
"ကျင်ရှင်း...ဒါကိုယ့်ရဲ့.."
"ခင်ဗျား ဒီအကြောင်းကို စောစောကတည်းက ပြောပြခဲ့သင့်တာ"
ကျောက်ကျင်ရှင်းက သူ့နားနားသို့ကပ်ကာ တိုးတိုးဆိုသည်။
"ကျွန်တော်ကိုယ်တိုင် စုံစမ်းသိခဲ့ရတာထက်စာရင်ပေါ့"
လီရှော့ အလန့်တကြားဖြစ်သွားကာ ပြူးကျယ်သောမျက်ဝန်းအစုံဖြင့်သာ ကျောက်ကျင်ရှင်းကို စိုက်ကြည့်နေမိတော့သည်။
ကျောက်ကျင်ရှင်းက သူ့လက်ကို ပုတ်ပေးကာ ကိုယ်လှည့်၍ ရွှီတရွေ့ထံ လှမ်းသွားလေသည်။
မူလကတော့ ရွှီတရွေ့ဟာ တုတ်ခိုင်သန်မာသည့် ခန္ဓာကိုယ်အချိုးအစားရှိသောလူပင်ဖြစ်သည်။ ခုချိန်မှာ လူက လူမမာရုပ်ပေါက်ကာ ပိန်ပါးနေပေမဲ့ ကျောက်ကျင်ရှင်းထက်တော့ တစ်ဆိုဒ်ကြီးနေသေးသည်ပင်။ နှစ်ယောက်သားမျက်နှာချင်းဆိုင်မိကြချိန်မှာ ဖြုလျော်ပုံပေါက်နေသည့် ကျောက်ကျင်ရှင်းဟာ ရွှီတရွေ့နှင့်ယှဥ်လိုက်လျှင် လေတိုက်လျှင်ပင် လွင့်ပါနိုင်လောက်အောင် အားနည်းသည့်ပုံစံ ပေါက်သွားရ၏။
ရွှီတရွေ့က ကံဆိုးတာပဲဟူသောမျက်နှာပေးဖြင့် လီရှော့ထံ တစ်ချက်ကြည့်ကာ စာရွက်ကို ကမ်းပေးလိုက်သည်။
ကျောက်ကျင်ရှင်းက လက်ဆန့်ထုတ်လိုက်သည်။ သို့သော်လည်း စာချုပ်ကို လက်ခံခြင်းမဟုတ်။ ထိုအစား မည်သူမျှမတုံ့ပြန်နိုင်ခင်မှာပင် ရွှီတရွေ့၏ လက်ကောက်ဝတ်ကို လျှပ်စီးလက်သလိုအလျှင်ဖြင့် ဖမ်းဆုပ်ကာ ကြမ်းတမ်းစွာ ဆွဲလှည့်၍ ပခုံးကိုဖိကာ လက်ပြန်လိမ်ချိုးပစ်လိုက်သည်။ရွှီတရွေ့၏ လက်မောင်းမှာ သူ့ကျောဘက်တွင်တွဲလောင်းဖြစ်သွားပြီး ၁၉၀စင်တီမီတာကျော်သော အမျိုးသားကြီးမှာ နာကျင်စွာ အော်ဟစ်ရင်း ဒူးထောက်လဲကျသွားတော့လေသည်။
လောင်တျောင်း၏လူအုပ်ကြီးမှာ သူတို့၏ ဓါးများကို ဆွဲထုတ်ရင်း ကျောက်ကျင်ရှင်းထံ ခုခံကာကွယ်သည့်ဟန်ဖြင့် ကြည့်လိုက်ကြ၏။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...