Chapter 37 (Unicode)

14.8K 1.9K 166
                                    

ဒီတစ်ပိုင်းအရေးအသားမကောင်း။ထောက်နေသည်။သည်းခံကြကုန်။

လီရှော့ သည် ၅ရက်၆ရက်တာမျှ စိတ်ဓါတ်တွေ ကျခဲ့ရသည်။

သူ့ခန္ဓာကိုယ်တွင်းက ယောက်ယက်ခတ်ရှုပ်ထွေးမှုတွေ၊စိတ်ဖိစီးမှုတွေနှင့်အတူ မွန်းကျပ်လို့နေသည်။သူ့အတွေးထဲမှာ ပြည့်နှက်နေသည့်အရာအားလုံးကလည်း ကျောက်ကျင်ရှင်းနှင့်သာ ဆက်စပ်လို့နေ၏။ဤကိစ္စမျိုးက ခဏအတွင်းမှာ အစာကြေဖို့ဆိုသည်မှာလည်းမဖြစ်နိုင်။ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်ညှင်းပန်းသည့်လေ့ကျင့်ခန်းမျိုးကသာလျှင်ဖြေရှင်းနိုင်သည့်ကိစ္စမျိုးဖြစ်သည်။

သူသည် gym၌ စကွပ်ရှ်ကို အချိန်အတော်ကြာအောင်ကစားပစ်လိုက်သည်။ ချွေးတွေက မိုးရေတွေလိုရွှဲရွှဲစိုကာ ပင်ပန်းလွန်းမကပင်ပန်း၍ လမ်းလျောက်ရာတွင်တောင် တုန်ယင်နေသည့်အခါမျိုးတွင်တော့ သူ့ဦးနှောက်က ယာယီမျှဗလာဖြစ်သွားကာ ဘာအတွေးကိုမျှ မတွေးမိတော့ပဲ၊ ဘာအတွေးနဲ့မျှ မတွယ်ညှိတော့ပဲ ဖြစ်သွားသည်။ သို့သော်လည်း ထိုအခြေအနေက အကြာကြီးမခံပါချေ။စကွပ်ရှ်အခန်းထဲက ထွက်လာပြီးသည်နှင့် သူ့ဦးနှောက်ကအတွေးတွေက ထပ်မံပွင့်ထွက်ပေါက်ကွဲလာပြန်သည်။

သူ မတတ်သာစွာပင် စကွပ်ရှ်အခန်းတံခါးကို တွန်းဖွင့်ကာ နံရံကိုမှီ၍ ထိုင်ချလိုက်မိသည်။

တကယ့်ကိုပင်ပန်းလွန်းနေပြီ။ စောက်ရမ်းကို ကိုယ့်ဒုက္ခကိုယ်ရှာလွန်းအားကြီးနေပြီ။

ထိုစဥ်တုန်းက သူတို့နှစ်ယောက်သား ကစားခဲ့ကြသည့်ပြိုင်ပွဲအကြောင်းစဥ်းစားကြည့်မိတော့ ဘယ်သူက အမှန်တကယ်အနိုင်ရသူမှန်းတောင် သူမပြောတတ်တော့ချေ။ သေချာပေါက်ကို ကျောက်ကျင်ရှင်းက ရှုံးခဲ့ပါလျက်နှင့် သူ့ရဲ့ပန်းတိုင်ကိုတော့ ရရှိသွားခဲ့ပါ၏။ ထို့ပြင်သူကတော့ အနိုင်ရခဲ့ပါငြား ဆုလာဘ်ကိုအသိမှတ်ပြုလက်ခံဖို့အချိန်လေးတောင်မရရှိခဲ့။ထိုဆုက ဘယ်တော့မှပြည့်ဝခွင့်မရတော့မှာကိုလည်း သူစိုးရွံ့မိပါ၏။

အသက်တွေတစ်ဖြည်းဖြည်းကြီးလာတာ​ကြောင့်လားတော့ မပြောတတ်။သူသည် လွယ်လင့်တကူနှင့် ပျော့ညံ့ကာ ကျိုးပဲ့ခံစားလွယ်လာသည်။အတိတ်တုန်းကလည်း သူ ဆက်ဆံရေးများစွာကို အဆုံးသတ်ခဲ့ဖူးပါ၏။ သို့သော် ခုလောက်ထိ စိတ်ဓါတ်ကျနေတာမျိုး ဘယ်တုန်းကမှမတွေ့ကြုံဖူးခဲ့ပေ။ခုတော့ဖြင့် သစ်စိမ်းချိုး ချိုးခံလိုက်ရသည့်ထိုးနှက်မှုတစ်ခုကို သူတွေ့ကြုံခဲ့ရပြီပဲ ဖြစ်သည်။မည်သို့ပင်ဆိုစေ သူ့မှာတော့ဖြင့် လဲကျရာကနေကိုယ့်ကိုယ်ကိုပြန်ထူမချင်စိတ်တောင် ရှိမနေတော့ပါချေ။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now