Chapter 19 (Unicode)

22.8K 2.3K 365
                                    


Translator :oink_oink_95

Warning🔞🔞

အောက်ပါအခန်းတွင် ၁၈နှစ်အောက် လူငယ်များနှင့်မသင့်တော်သော ဇာတ်ဝင်ခန်းများ စကားလုံးများ ပါရှိသည်။

_______________________________

တောက်ပလျက်ရှိနေသောကျောက်ကျင်ရှင်း၏ မျက်ဝန်းများက လီရှော့၏ နက်ရှိုင်းလှသော မျက်ဝန်း သူငယ်အိမ်များကို မျက်တောင်ပင်မခတ်ပဲ နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်နေမိသည်။ အချိန်ကြာမြင့်စွာ ဆိတ်ငြိမ်နေမှုသည် မြေစာပုံလေးထဲ ဆောင်းဦးတွင်ကျလာလေ့ရှိသည့် မိုးပေါက်လေးများ မြေကြီးထဲတိုးဝင်နေသလို ငြင်သာတိတ်ဆိတ်လွန်းလှသည်။ ထိုအကြည့်များက လီရှော့၏ အရေပြားကိုဖောက်ထွင်း၍ အကြောများအတွင်းစိမ့်သွားသည် ဟုပင်ထင်ရလေ၏။ ထို့နောက်မှ လီရှော့သည် ခပ်ဖွဖွ ပြုံးလိုက်ရင်း။

"ကိုယ် မင်းကို ဖြည့်ဆည်းပေးမယ်....ရှက်ဖို့တော့ကောင်းပေမယ့်.... မင်း....မင်းပဲ ဦးဆောင်လိုက်ပါ"

ကျောက်ကျင်ရှင်းက သူ့လက်မောင်းနှစ်ဖက်နဲ့ လီရှော့ကို ခပ်တင်းတင်း ဖက်တွယ်ထားရင်း သူ့အသံက မသိလိုက်စွာပင် မြှင့်တက်သွားသည်။

"တကယ်ကြီးလား?"

လီရှော့က သူ့မေးစေ့တွေကို ကိုင်ညှစ်လိုက်ရင်း

"မင်းကိုယ်မင်း သက်သေပြနိုင်ဖို့ ကိုယ်အခွင့်အရေးပေးလိုက်တယ် သဘောထားပေါ့။

"တကယ်လို့...မင်းရဲ့စကေးလ် မကောင်းရင်တော့......"

မင်းရဲ့စကေးလ်မကောင်းရင်တော့ နောက်တစ်ကြိမ်ဆိုတာရှိလာမှာမဟုတ်ဘူး ဟု သူပြောချင်ခဲ့ပေ၏။

သို့သော် ထိုစကားသည် လူတစ်ဖက်သားကို နာကျင်စေပေမည်။ သူ တကယ်ပဲ ကျောက်ကျင်ရှင်းကို သဘောကျသည်။ ဟုတ်သည်။ သို့ပေမယ့် ဆက်ဆံရေးတစ်ခုမှာ သဟာဇာတဖြစ်ဖို့ကလည်း အလွန်အရေးကြီးသည်။အကယ်၍ သူတို့နှစ်ယောက်သာ ဒီအဆင့်ကိုမဖြတ်ကျော်နိုင်ဘူး ဆိုလျှင်တော့ ခံစားချက်တွေ အရမ်းမနက်ရှိုင်းခင် စောစောစီးစီးလမ်းခွဲပစ်တာ အဆင်ပြေလိမ့်မည်။ ဘာမှလုပ်မကြည့်ပဲနဲ့တော့ အရှုံးမပေးနိုင်သေး။ဒါက လီရှေ့ဆိုတဲ့သူ့ရဲ့ စရိုက်နဲ့ ကိုက်ညီသည်မှ မဟုတ်ပဲ။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now