Chapter 83(Uni+ Zawgyi)

19.8K 2.4K 449
                                    


Unicode

သံလိုက်စက်ရုံများမှ ထုတ်လွှင့်သည့် သံလိုက်စက်ကွင်းများက ခြေရာခံစက်၏ အချက်ပြမှုကို ပြင်းထန်စွာ သက်ရောက်စေခဲ့တာကြောင့် တည်နေရာပြကိရိယာက ၅ကီလိုမီတာပတ်လည်ဧရိယာမှာသာ ခန့်မှန်းခြေ ရှာဖွေနိုင်ပေသည်။

ဤနေရာဟာ ဝေးလံခေါင်သီသည့်နေရာဖြစ်တာကြောင့် အဝေးပြေးလမ်းမကြီးမှဆင်းလာပြီးသည့်နောက်မှာ ကင်မရာများမရှိသလောက်ဖြစ်သွားပြီး ညဥ့်နက်နေသဖြင့် စုံစမ်းစစ်ဆေးမှုများအတွက်လည်း အလွန်အဆင်မပြေလှပေ။

သူတို့ဟာ ပစ်မှတ်ထား,ထားသည့်နေရာသုံးခုကို ညလုံးပေါက်ရှာဖွေခဲ့ကြပြီး ကောင်းကင်ကြီးဖြူဖွေးလာသည့် မနက်လေးနာရီထိုးခါမှပင် လောင်တျောင်း၏ ကားနှင့် သော့ခတ်ထားသည့် စည်သွပ်ဘူးစက်ရုံ၏ ဂိုဒေါင်ကို တွေ့ခဲ့ကြလေသည်။

ရဲတပ်ဖွဲ့ဝင်တွေက ဂိုဒေါင်နားကို တိတ်တဆိတ်ဝိုင်းလိုက်ကာ ရဲဝန်ထမ်းတွေကို တပ်ဖြန့်၍ လျှပ်တပြက်စီးနင်းတိုက်ခိုက်ရေးအစီအစဥ်တွေ ချမှတ်လိုက်ကြ၏။

လီရှော့ကတော့ အကွာအဝေးတစ်ခုမှာရှိနေသည့် မှောင်မဲနေသောဂိုဒေါင်ကိုကြည့်ရင်း အသက်ရှုသံတို့က ပို၍ပို၍ မြန်ဆန်လာသည်။

ကျောက်ကျင်ရှင်းက အထဲမှာလား။ သူ ဘယ်လိုများနေလဲ။ အဲ့ဒီလူတွေက သူ့ကို အရှက်ခွဲကြသေးလား။

တစ်ညလုံး သူသည် ကိုယ့်အတွေးတွေနှင့်ကိုယ် သေလောက်အောင် ညှင်းပမ်းနှိပ်စက်ခံခဲ့ရသည်။ အထူးသဖြင့် ထိုခြေရာခံမှု ကျရှုံးသွားချိန်မှာပင် ဖြစ်၏။

ရှောက်ချွင်ကတော့ ကားတံခါးမှာမှီရင်း ရှုသိုးသိုးမျက်နှာဖြင့် ဆေးလိပ်သောက်နေသည်။ သူ့ခြေထောက်နားရှိ မြက်ခင်းပေါ်မှာတော့ ခြေနင်းခံထားရသည့် ဆေးလိပ်ဖင်စီခံတွေနှင့် ပြည့်လို့နေလေသည်။

ဂိုဒေါင်က တိတ်ဆိတ်လွန်းနေပြီး အပြင်ဘက်တွင် ညစောင့်တစ်ယောက်တောင်မရှိချေ။ခေါင်းဆောင်ဖြစ်သူကတော့ ဓါးစာခံအား ပြောင်းရွေ့လိုက်မည်ကိုစိုးရိမ်တာကြောင့် အာရုဏ်မတက်မှီမှာ လှုပ်ရှားကြဖို့ ဆုံးဖြတ်လိုက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက ဂိုဒေါင်ကို တိတ်တဆိတ် ဝိုင်းလိုက်ကြတော့သည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now