Chapter 3ကို ကူညီ ဘာသာပြန်ပေးတဲ့လူကတော့ အော်သာ a_tar13ပဲ ဖြစ်ပါတယ်ရှင့်။ကျေးဇူးပါနော် အတာရေ❤️
Translator : a_tar13
"အာ...ဘာမှတော့သိပ်မဟုတ်ပါဘူး...
တကယ်တော့ မင်းရဲ့အန်ကယ်ကျောက်က
မင်းကိုတွေ့ချင်နေတာ...""ကျွန်တော့်ကိုတွေ့ချင်တယ်...ဘာလို့လဲ..."
လီရှော့အံ့ဩတကြီးမေးလိုက်မိသည်။
အန်းနန်အုပ်စုရဲ့ ဥက္ကဌဖြစ်သူ ကျောက်ရုန်ထျန်းနဲ့ လီရှော့နှစ်ကြိမ်ပဲဆုံဖူးတာပင်။ပထမတစ်ခါက ကျောက်ရုန်ထျန်း သားလေးတစ်နှစ်ပြည့်မွေးနေ့ပွဲမှာ ဖြစ်သည်။ ထိုစဉ်က လီရှော့လဲအရမ်းငယ်သေးသလို လီရှော့ အဖေနဲ့ကျောက်ရုန်ထျန်းဟာလဲ စီးပွားလေး
လောကမှာမျက်မှန်းတန်းမိရုံ အသိအကျွမ်းလောက်ပဲရှိသေးသည်။ဒုတိယတစ်ကြိမ်ကတော့ လီရှော့ ဘွဲ့လွန်စာတမ်းပြင်ဆင်နေတဲ့အချိန်မှာပင်။ အဲ့ဒီတုန်းက နယူးယော့(ခ်)မှာရှိတဲ့ တရုတ်လူမျိုးစီးပွားရေးလုပ်ငန်းရှင်အကြီးအကဲတွေကိုအင်တာဗျူးခွင့်ရဖို့ လီရှော့ကြိုးစားခဲ့ပေမဲ့ အဖေဖြစ်သူအကူအညီ မယူပဲ သူ့တစ်ကိုယ်တည်းအားနဲ့ ကြိုးစားခဲ့ရတာ ဖြစ်ရာ တစ်ယောက်လောက်နဲ့အပွိုင့်မန့်ရဖို့တောင် မနည်းလုပ်ယူခဲ့ရသည်။
ထိုတစ်ယောက်မှာ အန်းနန်အုပ်စုရဲ့ဥက္ကဌ
ကျောက်ရုန်ထျန်းပင်။ အင်တာဗျူးဖို့ ဆယ်မိနစ်လောက်အချိန်လေးပဲရခဲ့တာဆိုတော့ကာ အခုချိန်မှာကျောက်ရုန်ထျန်းဟာ အဲ့တုန်းကလူငယ်လေးဟာ လီရှော့မှန်းသိဖို့မပြောနဲ့ ၊အင်တာဗျူးလုပ်ဖို့ သဘောတူခဲ့တဲ့အကြောင်းကိုတောင် စိတ်ထဲလုံးလုံးလျားလျား မှတ်မိတော့မည်မထင်။"မင်းရဲ့အန်ကယ်ကျောက်အလုပ်က
ယန်းဇီမြစ်ဧရိယာကိုပဲ အဓိကအာရုံစိုက်ထားတာလေ...အခုသူက မြောက်ဘက်ကုန်သွယ်ရေး ဈေးကွက်ထဲ ထိုးဖောက်ဝင်ချင်လာတော့ ပေကျင်းမှာ ရုံးခွဲဖွင့်ဖို့စီစဉ်နေတာ...အဲ့ဒါကြောင့် သူနဲ့ရေရှည်လက်တွဲနိုင်မဲ့ ဘဏ္ဍာရေးကုမ္ပဏီ တစ်ခုအားချင်းလိုနေတာနဲ့ မင်းရဲ့ကုမ္ပဏီကလဲ ပေကျင်းမှာပဲဆိုတော့ အတော်ပဲဖြစ်သွားရော..."
![](https://img.wattpad.com/cover/228735036-288-k595811.jpg)
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...