ကျောက်ကျင်ရှင်းက ခပ်အေးအေးပင်ပြုံးသည်။ သူက ရှေ့သို့အနည်းငယ် ကိုင်းကာ လီရှော့နား နားကိုကပ်ကာတိုးဖွဖွဆိုသည်။
"ခင်ဗျားအသံက သဝန်တိုနေသလိုပဲရော"
လီရှော့က ရယ်မောလိုက်ရင်း။
" အဲ့လိုဆိုရင်တော့ တော်သေးတာပေါ့"
"ခင်ဗျား ဘာတွေတွေးနေလဲ ကျွန်တော်သိတယ်"
ကျောက်ကျင်ရှင်းက လက်ချောင်းတို့ဖြင့် လီရှော့မေးစေ့ကို ခပ်ဖွဖွကုတ်လိုက်ရင်း(ကြောင်လေးတွေမေးအောက်ကို ချစ်စနိုးနဲ့ကုတ်ပေးသလိုမျိုးပြောတာပါ)။
"ကျွန်တော် ခင်ဗျားလိုပုံစံမျိုးကိုကြိုက်တယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့လို အသက်ရွယ်ကပေးစွမ်းတဲ့ ရင့်ကျက်မှုတွေနဲ့ကြော့ရှင်းရည်မွန်မှုတွေကို သဘောကျလို့ပဲ။ဒါပေမဲ့လည်း ခင်ဗျားနဲ့ ကမ္ဘာပေါ်က တစ်ခြားလူတွေကတော့ မတူဘူးပေါ့ ခင်ဗျားရာ...။အရင်တုန်းက ကျွန်တော့်ဘဲကြီးတွေဆီက အတွေ့အကြုံတွေရခဲ့တယ် ဟုတ်တယ်။ကျွန်တော့်အတွက်တော့ အဲ့ဒီအရာတွေကို အသုံးချဖို့က ခင်ဗျားအပေါ်မှာ ပိုပြီးကောင်းအောင်ပြုစုပေးဖို့နဲ့ဂရုစိုက်ပေးနိုင်ဖို့တစ်ခုတည်းပါပဲ...ဒါက ကျွန်တော့်ဘက်ကမစစ်မှန်ဘူးလို့ မဆိုလိုဘူးလေ ခင်ဗျားရယ်"
လီရှော့က သူ့လက်ချောင်းတို့ကိုဖမ်းဆုပ်ရင်း လက်ချောင်းထိပ်ဖျားတို့ကို ငြင်သာစွာပွတ်သပ်ပေးလိုက်သည်။"ကိုယ်အဲ့လို မဆိုလိုပါဘူး..ဆောရီး..ကိုယ်အရမ်းအမြင်ကျဉ်းသွားမိတယ်"
လီရှော့က အံ့အားလည်းသင့်သွားရသလို သူခနက ပြောခဲ့မိတာတွေအတွက် နောင်တရမိသွားသည်။သူသည် ပုံမှန်ဆိုလျှင် ထင်ရာမြင်ရာနဲ့ စိတ်ဆိုးတတ်တဲ့လူမျိုး မဟုတ်ပေ။ ကျောက်ကျင်ရှင်းက သူ့အပေါ်မှာစစ်မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ သူ့အနေနဲ့ တစ်ခြားလူတွေအပေါ်မှာ ထင်ကြေးပေးသုံးသပ်ဖို့ရာ အကြောင်းရင်းမရှိပါချေ။
သူတကယ်ပဲ သဝန်တိုနေမိတာများလား။
လီရှော့ ထိုဖြစ်နိုင်ချေကို ချက်ချင်းငြင်းပစ်လိုက်သည်။ သူ့အနေနဲ့ ဒီကောင်လေးကို အထင်ကြီးတာမှန်သော်ငြား သဝန်တိုရလောက်အောင်ထိ မဟုတ်သေးပေ။ဖြစ်ကောင်းဖြစ်နိုင်တာက ဒီအချိန်လေးမှာ ထင်ကြေးတစ်ချို့ကို သူ့ဘက်က အတည်ပြုလိုက်နိုင်ပြီဟု တွေးမိတာကြောင့်များလား။ တကယ်တမ်းကျ ကျောက်ကျင်ရှင်းရဲ့ ပရောပရည်လုပ်တတ်မှုတွေကအရမ်းကို ဗြောင်ကျတတ်လွန်းတာမို့ သူအမြဲသတိထားနေခဲ့ရသည်ပင်။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...