Translator: oink_oink_95
တစ်ည နှင့် တစ်ရက် စောင့်ပြီးသည့်အချိန်အထိ လီချန်းရှို့ ၏သတင်းမကြားရသေး။ လီရှော့သည် လီချန်းရှို့ သူ့သဘောနှင့်သူ ထွက်သွားတာ မဟုတ်ဟူ၍ သံသယစပြုလာသည်။ ရှောက်ချွင် ပြန်ပေးဆွဲသွားတာပဲ ဖြစ်ရမည်။ အခန်းထဲပိတ်လှောင်နေလိုက်ပြီး အချိန်အတော်ကြာသည်အထိ စဉ်းစားပြီးကာမှ သူ့လက်ထောက်ကို ခေါ်၍ ရှောက်ချွင် ၏ ဖုန်းနံပါတ်ကို လှမ်းမေးလိုက်သည်။ သူ့စိတ်ကိုသူ ပြင်ဆင်ထားပြီးကာမှ ဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်ပြီးသွားသည်အထိ နှစ်ဖက်လုံးက ငြိမ်သက်နေဆဲပင်။ နိုင်ငံခြားနံပတ်ဖြစ်သောကြောင့်တစ်ဖက်ကလူသည် ဘယ်ကဆက်နေမှန်းတွေးဆနေဟန်တူသည်။ လီရှော့သည် သူစိတ်မကြည်မလင်ဖြစ်နေသည်ကို ဖုံးကွယ်ရင်း သူ့ကပင်စတင်ပြောလိုက်သည်။
"ငါပါ လီရှော့"
ဖုန်းထဲကနေ အသက်ရှူသံပြင်းပြင်း ကို ကြားလိုက်ရကာ ငယ်ရွယ်၍ မာန်ပါသောအသံက ဟိန်းအော်တော့မတတ် မေးလာသည်။
"လီချန်းရှို့ ဘယ်မှာလဲ!"
လီရှော့၏ နှလုံးသားလေးမှာ အေးစက်သွားရသည်။ အမှန်တကယ်ပင် ရှောက်ချွင်လိမ်နေဟန်မပေါ်။ ရုတ်တရပ် သူ့စိတ်သူမထိန်းနိုင်လိုက်ပဲ အေးစက်စွာ ပြန်ပြောမိလိုက်သည်။
"မင်းကများငါ့ကို ပြောရသေးတယ်။ ငါကမင်းကို ပြန်မေးရမှာကွ!"
မောင်းတင်ထားသော စိတ်များသည် သဲထဲရေသွန်။ စိတ်သက်သာရာ ရသွား၍ တိမိဝင်သွားသောအသံဖြင့် တစ်ဖက်ကဆိုလာသည်။
"သူ မရှိတော့ဘူး..."
"ရှောက်ချွင် တိရစ္ဆာန်ကောင်! မင်းအခု စောက်ရမ်းပျော်နေလား!"
လီရှော့သည် အမြဲတစေ သူ့ကိုယ်သူ ရည်မွန်နေစေရန်ထိန်းနိုင်သော်လည်း အခုအချိန်တွင်တော့ မရတော့။ သူဘယ်သူ့ကိုမှ ဆိုးဆိုးရွာရွား မမုန်းဖူးခဲ့။ "ရှောက်ချွင်" ကတော့ နာမည် ကြားရုံနှင့်ပင် အော်ဂလီဆန်လာရသည်။သူသည် ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ယင်နေသည်။ ဒီလူနှင့် ပတ်သတ်သမျှ အရာအားလုံးသည် ညစ်ညမ်း၍ သည်းမခံနိုင်စရာများပင်။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...