Chapter 18 (Unicode)

19K 2.1K 350
                                    

လီရှော့သည် လမ်းမှာကားမောင်းနေရင်း လက်ဗလာနဲ့သွားရတာ သိပ်မကောင်းဟု တွေးမိသွားသည်။သူ့အနေနဲ့ ကျောက်ကျင်ရှင်းအတွက် လက်ဆောင်တစ်ခုလောက်တော့ ဝယ်သွားသင့်သည်။သို့သော်လည်း ဘာဝယ်သွားရမှန်းတော့ သူမသိသေး။

အဆောက်အအုံတစ်ခုဘေးကနေ သူဖြတ်သွားချိန်မှာတော့ ယွင်းကျင်ပွဲတော်တစ်ခုကျင်းပနေသည့် ခန်းမတစ်ခုကို သတိပြုမိသွားသည်။ငယ်ရွယ်တဲ့ ယွင်းကျင် ပန်းချီဆရာတစ်ယောက်ဆွဲထားဟန်ပေါ်သည့် ကြီးမားသည့်ပိုစတာတို့ကိုတော့ အပြင်ဘက်မှာ ချိတ်ဆွဲထားပါ၏။သူဖြတ်ခနဲကြည့်လိုက်ချိန်မှာ တရုတ်ရာသီခွင်တို့ရဲ့ပုံစံဒီဇိုင်းတွေကို မြင်လိုက်ရသည်။သူ့နှလုံးသားက လှုပ်ရှားသွားရင်း ထိုနေရာသို့ မောင်းဝင်သွားလိုက်သည်။

ခန်းမထဲမှာ လူကသိပ်တော့များများစားစားမရှိ။ ပွဲတော်ကျင်းပတဲ့နောက်ဆုံးရက်မို့လည်း ဖြစ်နိုင်သည်။ သူက စာစောင်တစ်အုပ်ကိုကောက်ကိုင်ကာ လှန်လှောကြည့်ရင်း သိုးနှစ်ဖွား ဒီဇိုင်းက ဘယ်မှာလဲဆိုတာကို ဝန်ထမ်းလေးကို မေးလိုက်သည်။ ထိုဝန်ထမ်းလေးက သူ့အား ခန်းမထဲကိုဦးဆောင်ခေါ်သွားပေးလေသည်။

ခန်းမရဲ့စင်တွေနဲ့ နံရံတွေမှာ ၃၀ထပ်မကသော ယွင်းကျင်အနုပညာလက်ရာတွေ ရှိလို့နေသည်။ရက်လုပ်ထားတဲ့ဟန်ပန်တို့ကကောင်းမွန်ကာ ကောက်ကြောင်းတို့ကရှင်းလင်းသည်။အရောင်တို့ကလည်း ခမ်းနားထည်ဝါလှပါ၏။ဒီထပ်မကသော နာမဝိသေသနတွေနဲ့ ချီးမွှမ်းသင့်သော်ငြား အသင့်တော်ဆုံးသည်က လှပမှု ဆိုသော စကားလုံးပင် ဖြစ်ပေလိမ့်မည်။တစ်ချို့သော နိုင်ငံခြားသားဧည့်သည်တွေက ဒီဇိုင်းတွေကိုမြင်ဖို့ရာအတွက် မှန်ဘီလူးတွေ ကိုင်ထားကြသည်။ သူတို့ပုံစံတွေက အထင်တကြီးနဲ့ အံ့အားတသင့်ဖြစ်နေကြပုံပင်။

ရာသီခွင်တွေရဲ့လက်ရာကိုတော့ ကြီးမားတဲ့နံရံကြီးပေါ်မှာ ပြသထားသည်။လေးထောင့်ဆန်တဲ့ မဟောဂနီရောင်ဘောင်ရဲ့အလည်မှာ လုံးဝန်းတဲ့အချိတ်ပိုးထည်ကို စီခြယ်ထား၏။ဘောင်ကိုတောင်မှ လှပဆန်းပြားတဲ့ပန်းဒီဇိုင်းတွေနဲ့ ပုံဖော်ထားလေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now