Chapter 93 Extra 1 (Uni+ Zawgyi)

26.7K 2.1K 343
                                    

Unicode

Author's Note :

ဒါလေးကတော့ ပြောင်မေ့နဲ့ လီရှုရှုတို့ ငယ်ငယ်ကတည်းက သိဖြစ်ခဲ့ရင် ဆိုတဲ့အကြောင်းရာလေးပေါ့။ မူရင်းဇာတ်ကြောင်းနဲ့ သက်ဆိုင်မနေပါဘူး။ဇွန်လ ၁ရက်နေ့ ကလေးများနေ့မှာ ကျွန်မက ၇နှစ်သား ပြောင်မေ့နဲ့ ၁၈နှစ်သားလီရှုရှုတို့ကို လူတိုင်းအတွက် ပေးချင်လို့ပါပဲ။

----------------------------

"ရှောင်ရှော့ရေ မြန်မြန်ကွဲ့"

"ခဏလေးဗျို့"

လီရှော့သည် ဆံပင်ပေါ်ကရေစက်တို့အား ခါယမ်းပစ်လိုက်ရင်း တဘတ်တစ်ထည်ဖြင့် ဖြစ်တက်ကဆန်းသုတ်လိုက်သည်။လက်တစ်ဖက်က ဂျင်းဘောင်းဘီကိုကိုင်ထားစဥ်မှာ ဘောင်းဘီခြေထောက်နားများကို ခလုတ်တိုက်မိသွားပြီး ကော်ဇော်ပေါ်သို့ လှိမ့်ကျမတက်ဖြစ်သွားလေသည်။

နောက်ဆုံး ဝတ်စားပြင်ဆင်ပြီးသွားသည့်နောက်မှာ ကျောပိုးအိတ်ကို ဆွဲ၍ ပခုံးပေါ်ပစ်တင်လိုက်သည်။ လျှာထိုးဦးထုပ်ကိုဆံပင်စိုစိုတို့ပေါ်ဆောင်းလိုက်ရင်း အောက်ထပ်သို့ အမြန်ပြေးသွားလိုက်၏။

သူ့မိဘတွေက သူ့အားအောက်ထပ်မှာ စောင့်ဆိုင်းနေလေသည်။

"ဖေဖေ မေမေ ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ"

လီရှော့၏ မျက်နှာပေါ်မှာတော့ ရေစက်တို့နှင့်အတူ တက်ကြွတောက်ပသောအပြုံးလေးက တွဲခိုနေသည်။

"ဆံပင်တွေကိုခြောက်အောင်မမှုတ်ဘူး"

လီကတော်က သူ၏ လျှာထိုးဦးထုပ်ကို ဆွဲချွတ်လိုက်ရင်း

"ဒီလောက်လည်း အလျင်စလိုမနိုင်ပါဘူးကွယ်။ ဆံပင်တွေ သွားမှုတ်လိုက်ဦး"

"ထားလိုက်ပါ။နောက်ကျတာ မကောင်းဘူးလေ။ရာသီဥတုကလည်း ပူနေတာဆိုတော့ ခဏလေးနဲ့ခြောက်သွားမှာပါ"

လီရှော့က သူ့မိခင်၏ ပခုံးကိုကိုင်ကာ ဂရုတစိုက်ကြည့်လိုက်ရင်း

"မေမေ ဒီနေ့ အရမ်းတွေလှနေပါလား"

လီကတော်က ပျော်ရွှင်စွာပြုံးမိသွားလေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Wo Geschichten leben. Entdecke jetzt