Chapter 52.1(Unicode)

18.1K 2.3K 1.2K
                                    

ဓါးတန်းလန်းနဲ့ ၅ရက်ကြီးခြားလိုက်ရင်သွေးလွန်ကုန်မှာစိုးလို့ ပြီးသလောက်လေးတစ်ဝက်ဖြတ်ပြီး တင်ပေးလိုက်တယ်ရှင့်

လီရှော့သည် သူ့လက်မောင်းကြားထဲကလူက အသက်ပြင်းပြင်းရှုနေရတာကို ခံစားမိသည်။ သို့သော်လည်း တစ်ဖြည်းဖြည်းငြိမ်ကျလာပြီးနောက်မှတော့ တုန်ယင်နေသည့်သူ့လက်တို့ကိုလွှတ်ပေးလိုက်တော့သည်။

ဝမ်းရှောင်ဟွေးက လီရှော့ဘက်လှည့်လာကာ ပွေ့ဖက်လိုက်၏။သူသည် အသံတစ်သံမှမထွက်အောင် ထိန်းချုပ်ထားသော်လည်း မျက်ရည်တို့ကမူ အထိန်းအကွပ်မဲ့စွာ စီးကျလာသည်။ သူ့ပခုံးတို့က တစ်သိမ့်သိမ့်တုန်နေကာ နှလုံးသားထဲမှာလည်း ဒေါသစိတ်တွေ၊သနားစိတ်တွေနှင့်ပြည့်နေသည်။

လီရှော့သည် ခုချိန်မှာဖြစ်ပေါ်နေသည့်သူ့ခံစားချက်တို့ကိုမဖော်ပြတတ်တော့ချေ။ဝမ်းနည်းမှုလား၊ အရှက်ရမှုလား၊ ဒေါသပေါက်ကွဲမှုလား ဘယ်ဟာကပိုပြီးအရေးကြီးလဲ ပြောဖို့ခက်လှသည်။သူသိတာတစ်ခုတည်းက ပထမဆုံးအကြိမ်အဖြစ် သူ့နှလုံးသားဟာ အခေါင်းပေါက်ကြီးတစ်ခုလိုဖြစ်ကာ တစ်ကိုယ်လုံးကလည်း အေးစိမ့်နေသည်ဆိုတာပဲ ဖြစ်သည်။

ကျောက်ကျင်ရှင်းဟာ သူ့စိတ်ကို အစကနေအဆုံးထိ သိနေခဲ့ပြီးတော့ အစကနေအဆုံးထိ သူ့ကိုကစားနေခဲ့သည်ပဲ။

အစကနေ အဆုံးထိ သူတစ်ယောက်တည်း စိတ်တွေရှုပ်ထွေး၊ သပွတ်အူလိုက်၊ ရုန်းကန်နေရချိန်မှာ ကျောက်ကျင်ရှင်းကတော့ သူ့နှလုံးသားကိုမှန်တစ်ချပ်လိုကြည့်နေခဲ့သည်ကိုး။

သူ့ဘက်ကနေ ယုံကြည်မှုပြန်တည်ဆောက်ဖို့ပြောတုန်းက၊ သူ့ဘက်ကအတူနေကြဖို့ပြောတုန်းက၊ သူ့ဘက်က ဇာတ်လမ်းရပ်ဖို့ပြောတုန်းက ကျောက်ကျင်ရှင်းဟာ သူ့အတွေးတွေနှင့်သူ့ဆန္ဒတွေအကုန်လုံးကိုသိနေခဲ့ပြီးသားဖြစ်သည်။ ထိုသူက ထိုအရာတွေကို မပေးခဲ့ချင်ရုံသာဖြစ်၏။သို့သော်လည်း ထိုသူက ကစားလို့မဝသေးချေ။ထိုသူဟာ သူလုပ်နိုင်တာ ဘာမှမရှိတော့သည့်အဆုံးကို ရောက်တော့မှ မတတ်သာသည့်အဆုံး၌"ဝန်ခံခြင်း"ကိုသုံးခဲ့ခြင်း ဖြစ်ပေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now