Chapter 74(Uni+Zawgyi)

18.6K 2.1K 213
                                    


Unicode

လက်ထောက်ဖြစ်သူ၏ စွမ်းဆောင်ရည်မှာ အလွန်မြင့်မားလေသည်။နှစ်ရက်အကြာမှာ သူဟာ လီရှော့ထံ အကြောင်းပြန်လာ၏။ ရွှီတရွေ့သည် အမှန်တကယ့်ကို ငွေတိုးချေးစားသူများထံမှ ချေးငှားထားခြင်းဖြစ်ပြီး ခုချိန်မှာတော့ လှည့်လည်ပုန်းအောင်းနေရပေသည်။

လီရှော့သည် ရွှီတရွေ့ထံမှ အသနားခံသည့်မက်ဆေ့အမျိုးမျိုးကို ဆက်တိုက်ကို လက်ခံရရှိနေခဲ့၏။သူက စာမပြန်ခဲ့ပါပေ။ဤကိစ္စကို ဖြေရှင်းဖို့ရာ လက်ထောက်ဖြစ်သူထံလွှဲလိုက်ဖို့ စီစဥ်ထားသော်လည်း သေချာပေါက်ယခုလောလောဆယ်တော့ မဟုတ်သေးပေ။နှစ်ကူးပြီးမှပင်ဖြစ်သည်။အကယ်၍ ရွှီတရွေ့ကို သည်အချိန်မှာသာ နည်းနည်းလောက် နာကျင်ခံစားခွင့်ပြုမထားလျှင် နောက်တစ်ကြိမ်လည်း လောင်းကစားလုပ်ဖို့ရာ သတ္တိရှိနေဦးမည်ပင်။ ထို့ပြင်လည်း သူသည် ငွေထုတ်စက်တစ်လုံးမဟုတ်ပါပေ။

ဤရက်ပိုင်းအတွင်း သူသည်လည်း အမှန်တကယ်ကို အလုပ်များနေခဲ့ရသည်။နှစ်သစ်မတိုင်ခင် မြောက်မြားစွာသော လူမှုရေးပွဲတွေကလည်း မကြာခဏရှိနေကာ သူသည် ထိုပွဲတွေကို တက်ဖို့ တတ်နိုင်သမျှအချိန်ချန်ကာ ကိုင်တွယ်နေရသည်။ဤရက်အတွင်း သူသည် တစ်နေ့မှ သုံး၊ လေး နာရီသာ အိပ်ရသဖြင့် စိတ်အခြေအနေကဖြင့် သိပ်ကောင်းမနေခဲ့ပါချေ။

ကံကောင်းသည်က ကျောက်ကျင်ရှင်းက သည်ရက်တွေမှာ သူ့ကိုလာရှာတာမျိုး မရှိခဲ့ပေ။သူအိမ်မှာရှိနေသည်မို့ ကျောက်ကျင်ရှင်းဟာ သူ့ကိုယ်သူ ထိန်းချုပ်ထားတာလည်း ဖြစ်ချင်ဖြစ်မည်။ သို့သော်လည်း သူ့ဖခင်ကတော့ သူ့ကိုရက်အတော်ကြာအောင် စကားမပြောပါချေ။

နှစ်သစ်ကူးအကြိုနေ့မှာတော့ မိသားစုသုံးယောက်သားဟာ သေသပ်သားနားစွာဝတ်စား၍ တရုတ်ကုန်သည်ကြီးများအသင်း၏ နွေဦးပွဲတော်သို့ တက်ရောက်လိုက်ကြသည်။လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း တရုတ်ကုန်သည်ကြီးများအသင်းသည် ပို၍ ပို၍ ချမ်းသာလာကာ ပြည်တွင်းပြည်ပမှ ကြယ်ပွင့်များစွာကို ဖိတ်ခေါ်နိုင်ခဲ့ပြီး အစီအစဥ်တွေ၏အဆင့်တွေက မြင့်မားလှသော်လည်း လီရှော့မှာမူ ဖျော်ဖြေရေးနယ်ပါယ်ကို အာရုံစိုက်မိသူမဟုတ်လေရာ လာသည့်လူတွေကို တစ်ယောက်မျှ မသိပါပေ။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Opowieści tętniące życiem. Odkryj je teraz