လီရှော့သည် စာချုပ်ကိုငုံ့ကြည့်နေရင်း ရှားပါးလှတဲ့ ထိုမျိုးရိုးနာမည်ကို ကြားလိုက်ရတော့ မသိစိတ်အရ ခေါင်းထောင်လိုက်မိသည်။
ကျောက်ကျင်ရှင်းအမူအရာကတော့ပုံမှန်လိုပင်ဖြစ်နေတာကိုတော့ သူမြင်လိုက်ရ၏။
"သူဒီမှာ ရောက်နေသင့်တာဗျ..နောက်မှ ကျွန်တော် မေးကြည့်လိုက်ပါမယ်"
ရှေ့နေချန်က တစ်စုံတစ်ရာကို ပြောချင်သေးပေမယ့် ရုံးခန်းတံခါးက အခေါက်ခံလိုက်ရတာကြောင့် သူလှည့်ကာ အသံပြုလိုက်ရသည်။
"ဝင်ခဲ့ပါ"
အတွင်းရေးမှူးက ပူပူနွေးနွေးနှပ်ထားသည့် လက်ဖက်ရည်၊ မုန့်အနည်းငယ်နဲ့အတူ ဝင်လာသည်။
လီရှော့ ထိုကိစ္စကို သိပ်ပြီးအလေးအနက်ထားမနေတော့။ အတွင်းရေးမှူးကို ကူညီကာ စားပွဲပေါ် ပစ္စည်းတွေချထားပေးလိုက်သည်။
ကျောက်ကျင်ရှင်းက လီရှော့ထံတစ်ချက်ခိုးကြည့်သည်။ သူ့မျက်လုံးတွေက ဝင်းလက်သွားကာ မျက်နှာပေါ်မှာအပြုံးတစ်ပွင့်ကပေါ်လာသည်။
"ဒီအချိုပွဲက ကုမ္ပဏီအောက်ထပ်က ပြင်သစ်စတိုင် ကိတ်ဆိုင်က ဝယ်လာတာတွေပဲ။ ကျွန်တော်ကတော့ ဒီအနီရောင်ဘယ်ရီသီးချဉ်နဲ့လုပ်ထားတဲ့ပူတင်းကိတ်ကို အကြိုက်ဆုံးပဲ"
သူက ကိတ်မုန့်တစ်ဖဲ့လောက်ကို ကောက်ခပ်ကာ လီရှော့ထံကမ်းပေးလိုက်သည်။
"မြည်းကြည့်"
"အင်း....အရသာရှိသားပဲ။ အတော်လည်း နူးညံ့တယ်။"
လီရှော့က ရယ်မောရင်း
"မင်းတို့ ကုမ္ပဏီနားတစ်ဝိုက်မှာ အရသာရှိတဲ့စားသောက်စရာတွေ အများကြီးရှိနေတာပဲနော်။ ဒီမှာ အမြဲတမ်းအလုပ် လုပ်နေသူတွေအတွက် ဝိတ်တက်လာဖို့ အရမ်းလွယ်မနေဘူးလား"
"ဟင့်အင်း ကုမ္ပဏီက Gymကို ပုံမှန်သွားတဲ့လူတောင် သိပ်မရှိဘူး"
သုံးယောက်သားက ကျန်းမာရေးနဲ့ကိုယ်လက်လေ့ကျင့်ခန်းတွေအကြောင်း ပြောဖြစ်သွားကြပြန်သည်။
တိုတောင်းလှတဲ့နားချိန်အပြီးမှာ သူတို့ဟာ စာချုပ်ရဲ့ကျန်ရှိတဲ့အပိုင်းတွေကို လက်စသတ်လိုက်ကြသည်။ သဘောမတူတဲ့အချက်တစ်ချို့ကိုတော့ ကျောက်ရုန်ထျန်းနဲ့ပြန်တိုင်ပင်ဖို့ လိုသေးသည်။ သို့သော်လည်း ပြဿနာက သိပ်ကြီးမားလှတာမဟုတ်။ လီရှော့ အချိန်တွက်ကြည့်လိုက်သည်။ ဒီအပါတ်အတွင်းမှာပဲ အပြီးသတ်နိုင်လောက်ပါ၏။
DU LIEST GERADE
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomantikBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...