Chapter 34 (Unicode)

16.3K 2.1K 230
                                    

"လီရှုရှု"

ကျောက်ကျင်ရှင်းက သူ့နောက်ကနေ လိုက်လာသည်။

"ဘာဖြစ်တာလဲ? ခင်ဗျား စိတ်ဆိုးနေတာလား"

လီရှော့ ချာခနဲလှည့်ကြည့်ရင်း အေးစက်စက်ပင် ပြုံးလိုက်သည်။

"စိတ်ဆိုးရမယ်? ကိုယ်က ဘာလို့စိတ်ဆိုးရမှာလဲ"

ကျောက်ကျင်ရှင်းက ခဏတာမျှ အံ့အားသင့်သွားပြီးမှ မျက်ခုံးကိုပင့်ရင်း ပြုံးလေသည်။

"ကျွန်တော်လည်း အဲ့ဒီလိုထင်သားပဲ။ ခင်ဗျားက စိတ်ဆိုးစရာအကြောင်းမှ မရှိပဲလေနော့။ ဒါနဲ့များ ခင်ဗျားက ဘာလို့ အလျင်စလိုတွေ ပြန်ရတာလဲ"

"ဖေးယဲ့က စိတ်ကသိကအောက်ဖြစ်နေတာ မင်းမမြင်ဘူးလား"

"ဪ......"

ကျောက်ကျင်ရှင်းက တမင်တကာကို အသံရှည်ဆွဲကာ အာမေဋိတ်သံ ပြုလေ၏။

"သူ စိတ်ကသိကအောက်ဖြစ်တာကိုတော့ ခင်ဗျားက စိုးရိမ်တယ်ပေါ့။ တကယ်တမ်းကျ ကျွန်တော်လည်း စိတ်ကသိကအောက်ဖြစ်ရတာပဲလေ။ သူရော ကျွန်တော်ရော သိနေတဲ့လူ ရှိနေမယ်လို့ ကျွန်တော်မှ ထင်မထားမိပဲ။ ပြီးတော့လည်း အဲ့ဒီလူနဲ့ ကျွန်တော်က.."

"မင်း ရှင်းပြနေစရာမလိုပါဘူး"

လီရှော့က လက်တို့ကို အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ကာ ခပ်အေးအေးနှင့် ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်ရင်း

"အဲ့ဒါ မင်းရဲ့ လွတ်လပ်ခွင့်ပါလို့ ကိုယ်ပြောပြီးသားပဲလေ"

ကျောက်ကျင်ရှင်းက ခေါင်းညိတ်ကာ

"ခင်ဗျားက အရမ်းကို အသိအမြင်ကြွယ်လွန်းတော့ ကျွန်တော့်ဘက်က စိတ်အေးလက်အေး ဖြစ်ရပါတယ်ဗျာ"

"ကဲပါလေ စိတ်မပူပါနဲ့။ ကိုယ်က ဖီးလစ်ချောင်လိုမျိုး ဖြစ်လာမှာမဟုတ်ဘူး။ဒါပေမယ့် ဖေးယဲ့ မင်းကိုစွပ်စွဲတာတွေကတော့ အခြေအမြစ်ရှိမနေတာမျိုး မဟုတ်လောက်ဘူး လို့ကိုယ်ထင်တယ်"

ကျောက်ကျင်ရှင်းက မေးကိုအနည်းငယ်မော့လိုက်ရင်း

"ခင်ဗျားက ဘာကိုပြောချင်တာလဲ"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now