Chapter 84(Uni+ Zawgyi)

21.8K 2.5K 1K
                                    

Unicode


ကျောက်ကျင်ရှင်းက စကားပြောနေရင်းမှ မျက်ဆံလန်ချင်သလိုဖြစ်လာကာ အသံကလည်း ပို၍ ပို၍ ဖျော့တော့လာသည်။ဓါးက သူ့လက်ဖဝါးကို ကန့်လန့်ဖြတ် ထိထားကာ အရေပြားက အပြင်ဘက်ကိုလန်နေပြီး လက်ချောင်းလေးချောင်း၏ အရိုးတွေကိုတောင် ခပ်ရေးရေးမြင်နေရသည်။စီးကျလာသော သွေးတွေဟာလည်း မရပ်မနားကိုပင်။

"သွေးဆုံးရှုံးမှုအရမ်းများနေပြီ။ လူကို ကားထဲထည့်လိုက်တော့ မြန်မြန်လေး!"

ကျောက်ကျင်ရှင်းက အသိရှိနေတုန်းမှာ လီရှော့လက်ကို မပြတ်ဆုပ်ကိုင်ထားသည်မို့ လီရှော့က ကားထဲကို သူ့နောက်ကနေ လိုက်ဝင်လာခဲ့လိုက်သည်။ သူဟာ ကျောက်ကျင်ရှင်း၏ မျက်လုံးတွေကို ကြည့်ရင်း ယင်းက သူ့ဘဝ၏ အခက်ခဲဆုံးအခိုက်အတန့်တွေထဲက တစ်ခုဆိုတာကို ခံစားလိုက်ရသည်။

ကျောက်ကျင်ရှင်းက မျက်လုံးကို မပွင့်တပွင့်မှေးစင်းထားရင်း ဖျော့တော့စွာပြုံး၍ နှုတ်က စကားဆိုလာသည်။

"ဘာမှမဖြစ်ပါဘူး

လီရှော့က လက်ကို သူ့နဖူးပေါ် ဖွဖွလေးတင်ရင်း ရှိုက်သံတို့ဖြင့် ဆို့နင့်စွာပင် ပြောလိုက်ပါ၏။

"ဆေးရုံမကြာခင်ရောက်တော့မှာ မကြောက်နဲ့နော်"

ကျောက်ကျင်ရှင်းက ခေါင်းညိတ်ပြသည်။ သူ့မျက်လုံးတွေက တဖြည်းဖြည်း အာရုံစိုက်မှုလွတ်လာကာ သတိလစ်သွားတော့သည်။

ရှောက်ချွင်သည်လည်း လူနာတင်ကားနှင့် လိုက်လာတာ ဖြစ်သည်။ သူက လီရှော့နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေကာ အနည်းငယ်တည်ငြိမ်နေပုံပေါက်နေသော်လည်း လီရှော့ကိုကြည့်နေသည့် သူ့မျက်လုံးတွေကတော့ ခက်ထန်နေဆဲပါပင်။

လီရှော့က သူ့ကိုမကြည့်။ အမူအရာမဲ့သည့်မျက်နှာထားဖြင့်သာ စကားဆိုလိုက်သည်။

"မင်း ရန်ဖြစ်ချင်နေရင် သူ့ကို ဆေးရုံပို့ပြီးတဲ့အထိစောင့်"

"ရန်ဖြစ်ရမယ်?"

ရှောက်ချွင်က သရော်လေ၏။

"မင်း ဘာဖြစ်သွားမလဲဆိုတာ ငါ့ညီဘာဖြစ်သွားမလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now