Chapter 36 (Unicode)

16.5K 2.1K 472
                                    

အိမ်ပြန်ရောက်တော့ လီဇနီးမောင်နှံက မအိပ်ကြသေးပဲ Reality Showတစ်ခုကို ကြည့်နေကြတုန်း ဖြစ်၏။

တောက်တောက်ပပပြုံးနေကြသည့် ထိုမောင်နှံကိုမြင်ရတော့ လီရှော့သည် စိတ်လည်းချမ်းမြေ့ရသလို မနာလိုအားကျမှုလည်း ဖြစ်ရသည်။

အကယ်၍ သူ၏ လိင်စိတ်တိမ်းညွှတ်မှုကသာ ပုံမှန်ဖြစ်နေခဲ့လျှင် ခုချိန်မှာ သူလည်း ဇနီးတစ်ယောက်ကို လက်ထပ်ကာ ကလေးတွေလည်းရနေလောက်ပြီ ဖြစ်သည်။သို့သော်လည်း မတတ်နိုင်ချေ။ ဤတိမ်းညွှတ်မှုမျိုးက ထိန်းချုပ်လို့ရသည့် အရာမျိုးမှ မဟုတ်ပဲ။သို့ပေမယ့် သူ့မိဘများကဲ့သို့ပင် ကျောင်းမှာကတည်းက တွေ့ဆုံကာချစ်ကြိုက်သွားကြသည့် သူငယ်ချင်းတွေလည်း ဂေးအသိုင်းအဝိုင်းထဲမှာရှိသည်။နှစ်တွေကြာလာပြီးသည့်နောက်မှာ သူတို့တွေက ကြမ်းပေါ်မှာပြေးလွှားနေသည့် ကလေးတွေတောင်မွေးစားထားပြီးပြီ ဖြစ်သည်။

ထို့အတူ သူကိုယ်တိုင်လည်း တည်ငြိမ်သည့် စရိုက်ရှိသူပင်ဖြစ်သည်။ဒီတော့ သူကရော အဲ့ဒီလိုတည်ငြိမ်သည့်ဘဝမျိုးကို ဘာလို့မရနိုင်ရမှာတဲ့လဲ။

လီကတော်က သူ့အား လက်ဝေ့ယမ်းကာ ခေါ်လေသည်။

"ရှောင်ရှော့..လာ...ဒီရှိုးက အရမ်းရယ်ရတယ်"

လီရှော့က ပြုံးရင်း နှစ်ယောက်ကြားထဲတိုးဝင်ကာ မိဘနှစ်ပါး၏ ပခုံးတစ်ဖက်တစ်ချက်စီကို သိုင်းဖက်လိုက်ရင်း

"တစ်နေကုန် မတွေ့ပဲနေရတာ ကျွန်တော့်ကို မလွမ်းဘူးလား"

မစ္စတာလီက ရယ်မောရင်း

"ဘာကြီးတုန်းကွာ ......အာ..စကားမစပ်..သားက တရုတ်ကို ဘယ်အချိန်ပြန်မှာလဲ"

"ဖေဖေ နေကောင်းလာရင် ပြန်မယ်လေ"

မစ္စတာလီက သူ့ရင်ဘတ်သူ ပုတ်ပြလိုက်ရင်း

"ဖေဖေ ကောင်းပါတယ်ကွ။ မနက်ဖြန်တောင် အလုပ်သွားမလို့ ပြင်နေတာ"

"ဖေဖေ....ဖေဖေက အနားယူတာပိုကောင်းတယ်လေ။ အလုပ်ကို အလျင်လိုမနေစမ်းပါနဲ့ဗျာ"

"နေ့တိုင်း နေ့တိုင်း ဒီလိုနေနေရတော့ ဖေဖေလည်း ပျင်းလို့သေတော့မယ်ကွ။ မင်းအမေကလည်း ယောဂ လေ့ကျင့်ဖို့ချည်း ခေါ်နေတာ။ မိန်းမတွေအများကြီးရှိနေတဲ့အခန်းထဲတော့ မသွားချင်ပေါင်ကွာ"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now