Chapter 48(Unicode)

13.6K 1.9K 355
                                    

ကျောက်ကျင်ရှင်းက လီရှော့ဘက်ကိုခေါင်းလှည့်ကြည့်သည်။ သူ့အမူအရာကတည်ငြိမ်နေသော်ငြား မျက်လုံးအကြည့်တွေက အနည်းငယ်လှုပ်ခတ်နေသည်။

လီရှော့ နှစ်စက္ကန့်လောက် ကြောင်အနေပြီးမှ အံ့အားတသင့်ဖြင့်

"ဖေးယဲ့ မင်းဘယ်လိုလုပ်...."

ဟန်ဖေးယဲ့မျက်နှာက ဖြူလျော်ကာသုန်မှုန်နေသည်။ ကျောက်ကျင်ရှင်းကိုကြည့်သောအကြည့်တွေမှာလည်း ဒေါသတွေမုန်းတီးမှုတွေနှင့်ပြည့်လို့နေ၏။

လီရှော့သည် ရေချိုးဝတ်ရုံခါးစည်းကြိုးကိုကမန်းကတမ်းဆွဲချည်ကာ ကျောက်ကျင်ရှင်းထံ အိုးတို့အမ်းတမ်းပြောလိုက်သည်။

"ကျင်ရှင်း အဝတ်သွားဝတ်ချေ"

ကျောက်ကျင်ရှင်းကတော့ ပြောင်ပြောင်ရှင်းရှင်းပင်ဆို၏။

"အကုန်လုံးကယောကျာ်းတွေပဲလေ။ ဘာလို့ဝတ်ရမှာလဲ"

ဟန်ဖေးယဲ့က လီရှော့ကိုကြည့်သည်။ တစ်စုံတစ်ရာကို ထိန်းချုပ်နေရဟန်ဖြင့် သူ့အသံက တုန်ယင်နေသည်။

"ရှောင်ရှော့ ငါတို့နှစ်ယောက်တည်းပဲစကားပြောလို့ရမလား"

"ငါ...."

"မရဘူး"

ကျောက်ကျင်ရှင်းက တံခါးဘောင်ကိုမှီရင်း

"ကျွန်တော်က သူ့ချစ်သူပဲ။ခင်ဗျားတို့နှစ်ယောက်ရဲ့အတိတ်ကဆက်ဆံရေးအရ စကားဝိုင်းကနေကျွန်တော့်ကိုဖယ်ကြဥ်ထားမှာက မသင့်တော်ဘူး"

ဟန်ဖေးယဲ့က လီရှော့ထံ အတည်ပြုလိုသောအကြည့်တို့ဖြင့်ကြည့်လာသည်။

ထိုအကြည့်တွေအောက်မှာ လီရှော့ စကားမပြောရဲချေ။ သို့သော်လည်း ရှောင်လွှဲမရနိုင်သည်မို့ ခေါင်းသာညိတ်ပြလိုက်သည်။

ဟန်ဖေးယဲ့က မျက်လုံးမှိတ်လိုက်သည်။ အရာရာတိုင်းက တိတ်ဆိတ်မှုတို့ကြီးစိုးသွားသည့်အလား။ သူသည် နဂိုကတည်းက ဖြူလျော်ကာ ပိန်ပါးသူဖြစ်သည်။ ခုချိန်မှာ ပိုပြီးတော့တောင် သနားစဖွယ်ဖြစ်နေလေရာ လီရှော့မှာ မသက်မသာခံစားလာရသည်။

ကျောက်ကျင်ရှင်းက ဟန်ဖေးယဲ့ကိုအေးစက်စက်စိုက်ကြည့်သည်။ ဘာတစ်ခုမှ တုံ့ပြန်မှုမရှိချေ။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now