Chapter 91(Uni+Zawgyi)

21.4K 2.3K 561
                                    

Unicode

ကျောက်ကျင်ရှင်းက စိတ်တွေအလွန်လောကာ အိတ်ကြီးကြီးတစ်လုံးကို ယူချလာပြီး အရင်ဦးစွာ လီရှော့၏ ရေချိုးခန်းနှင့် အဝတ်လဲခန်းကို မောင်ပိုင်စီးလိုက်လေသည်။

လီရှော့က သူ့ပစ္စည်းတွေကို စီစဥ်တကျဖြစ်အောင်ကူညီချထားပေးရင်းမှ အိပ်ရာခင်းဆီကို တစ်ချက်ကြည့်ကာ ခဏမျှတွေးလိုက်၏။

"အိပ်ရာခင်းအသစ် အတူသွားဝယ်ကြဦးမလား"

"ဟင့်အင်း..ကျွန်တော်က အစကတည်းက ခင်ဗျားပိုင်တဲ့အိပ်ရာခင်းတွေ၊ စောင်တွေနဲ့ပဲ အိပ်ချင်တာ"

ကျောက်ကျင်ရှင်းက နှုတ်ခမ်းထောင့်စွန်းတို့ကော့တက်သွားအောင်ပြုံးသည်။

"ခင်ဗျားပိုင်သမျှအရာအားလုံးမှာ ကျွန်တော့်ရဲ့အနံ့တွေနဲ့ချည်း စွဲထင်နေစေချင်တာ။ ခင်ဗျားကိုယ်တိုင်အပါအဝင်ပေါ့"

လီရှော့မှာ ရယ်မောလိုက်ရင်း။

"မင်းကခွေးလား"

ကျောက်ကျင်ရှင်းက မျက်လုံးတစ်ဖက်မှိတ်ပြ၏။

"ကျွန်တော်က သိုးလေ"

"အမ်း...ဟုတ်သား...သိုးပဲ"

ရုတ်တရက်ဆိုသလို လီရှော့သည် လွန်ခဲ့သည့်နှစ်က သူ့အမေ ရှာဖွေခဲ့သည့် တရှီး(ဘုန်းတော်ကြီး)က သူ့အားဟောခဲ့သည့် အိမ်ထောင်ရေးဟောစတမ်းကို အမှတ်ရသွားရသည်။ကြည့်ရတာ....တော်တော်လေးတိကျပုံပါပင်။

(T/N ဟိုးရှေ့ပိုင်းမှာ တရှီးကို ဗေဒင်ဆရာထင်ပြီး ရိုးရိုးပဲဆရာကြီးလို့ပြန်လိုက်မိတယ်။ မှားတော့မမှားပေမဲ့ မမှန်ခဲ့ဘူး။ ဆောဒီးခ)

ကျောက်ကျင်ရှင်းက လီရှော့ပခုံးပေါ် လက်တင်လိုက်ရင်းဖြင့်။

"မွေးနေ့မှာ ဘာလက်ဆောင်လိုချင်လဲ။ ဘယ်လောက်ဈေးကြီးကြီး ကိစ္စမရှိဘူး"

လီရှော့က ခေါင်းခါပြလိုက်သည်။

"ကိုယ်ပြောပြီးပြီပဲ။ ကိုယ့်မှာ မပြည့်စုံတဲ့ဟာဘာမှမရှိဘူးလို့"

"တစ်ခုလောက်စဥ်းစားကြည့်ပါဦး။ ကျွန်တော် ဒီလောက်ချမ်းသာနေတာကို ခင်ဗျားက ကျွန်တော့်ရဲ့စည်းစိမ်တွေကို တစ်ခါလေးတောင်မခံစားဖူးဆိုရင် ဒါက အလဟာသဖြစ်မသွားပေဘူးလား"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now