Chapter 58(Uni+Zawgyi)

18.4K 2.7K 278
                                    

Unicode

ထိုနေ့မှာ လီရှော့သည် ကျောက်ရုန်ထျန်းထံမှ ထင်မှတ်မထားသည့်ဖုန်းကောလ်တစ်ကောလ်ကို လက်ခံရရှိခဲ့လေသည်။

အသံကိုကြားလိုက်ရချိန်မှာ လီရှော့သည် စိတ်လှုပ်ရှားမှုနှင့်အပြစ်ရှိသလိုခံစားမှုတို့ကို မသိလိုက်စွာပင်ခံစားမိသွားသည်။

သူက တည်ငြိမ်စွာပင် ကျောက်ရုန်ထျန်းနှင့် စကားစမြည်ပြောနေလိုက်သည်။ ရုတ်တရက်ပင် ကျောက်ရုန်ထျန်းက သက်ပြင်းရှိုက်လာ၏။

"လီရှော့ တကယ်တော့ အန်ကယ်မင်းကို အကူညီတစ်ခုလောက်တောင်းချင်လို့"

"ပြောပါခင်ဗျ"

လီရှော့သည် ကျောက်ကျင်ရှင်းနှင့်ပတ်သက်တာမဟုတ်ပါစေနဲ့ဟု ဆုတောင်းမိသည်။ သို့သော်လည်း ကျောက်ရုန်ထျန်းပြောမည့်စကား၏ ၉၀ရာခိုင်နှုန်းလောက်က ကျောက်ကျင်ရှင်းနှင့်ဆက်စပ်နေလောက်မည်ဆိုတာလည်း သူနမိတ်တွေရနေပြန်သည်။

"မင်း ကျင်ရှင်းရဲ့တိုက်ခန်းကိုသွားကြည့်ပေးနိုင်မလားကွယ်"

လီရှော့သည် စိတ်ပိုင်းဆိုင်ရာကိုကြိုပြင်ဆင်ထားသည်ဆိုပေမယ့်လည်း ထိုစကားလုံးတွေကိုကြားလိုက်ရချိန်မှာတော့ သူထိတ်လန့်သွားမိဆဲပင်။

"အာ...ဘာပြောလိုက်တာ.."

သူ့နှလုံးက ဒရမ်တစ်ခုလိုတုန်ဟီးနေသည်။မဟုတ်မှလွဲရော ကျောက်ကျင်ရှင်းများ တစ်ခုခုဖြစ်တာလား......။

"ကျင်ရှင်းအခြေအနေက ခုတလောသိပ်မူမမှန်ဘူး။ အန်ကယ်သူ့ကို ဖုန်းဆက်တာကို သူကမူးနေတုန်း။ဖုန်းကိုလည်း ပိတ်ထားချင်ပိတ်ထားတယ်။ ပိတ်မထားရင် မကိုင်ဘူး။ ကုမ္ပဏီကိုလည်း မသွားဘူးတဲ့။တစ်ခုခုများဖြစ်နေသလားဆိုတာ အန်ကယ်လည်းမပြောတတ်တော့ဘူးကွယ်"

"ဒါက......သူ့ကိုသွားကြည့်ဖို့ ကုမ္ပဏီကတစ်ယောက်ယောက်ကို လွှတ်လို့မရဘူးလား အန်ကယ်ခင်ဗျ"

အခြေအနေမကောင်းဘူးတဲ့လား။သူ အပြစ်တင်ကျိန်ဆဲလိုက်တာကြောင့်လား။ မဖြစ်နိုင်လိုက်တာ......

"လွှတ်တယ်။ ခဏ ခဏပဲ။ဒါပေမယ့်သူက တံခါးဖွင့်မပေးဘူး။ ဖွင့်ပေးရင်လည်း လာတဲ့လူကိုမောင်းထုတ်ပစ်တယ်။သူ့ပုံစံက လုံခြုံရေးပြဿနာ၊ ကျန်းမာရေးပြဿနာတွေတော့ ရှိပုံမပေါ်ဘူး။ဒါပေမယ့် စိတ်ခံစားချက်တွေတော့မူမမှန်ဘူး။ အန်ကယ်က ပြဿနာတွေတက်မှာစိုးတော့ သူ့အမေကိုလည်း မပြောဝံ့ဘူး။ တရုတ်ကဆွေမျိုးတွေကျပြန်တော့ စိတ်ပူမှာစိုးလို့ လောလောဆယ်မပြောပြချင်ဘူး။အန်ကယ် မင်းကို ကူညီစေချင်တာက သူဘာဖြစ်နေလဲဆိုတာကိုအတည်ပြုပေးရုံလေးပါပဲ။ သူက မင်းကိုတော့ အစ်ကိုကြီးတစ်ယောက်အနေနဲ့လေးစားတယ်လေ"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now