Chapter 49(Unicode)

14.2K 2K 716
                                    

နှစ်ရက်လောက်စိတ်ငြိမ်ငြိမ်ထားပြီးသည့်အခါ လီရှော့သည် သူ၏အပူလွန်နေသောဦးနှောက်က ဤကာလအတွင်းအများကြီးကောင်းမွန်လာတာကို သိလိုက်ရသည်။မည်သည့်စိတ်လှုပ်ရှားမှု ခံစားမှုမဆို အချိန်ကြာလာသည်နှင့်အမျှ လျော့ပါးလာသည်ပင်ဖြစ်သည်။ချစ်စိတ်မွှန်နေတုန်းမှာတော့ သူ့ခေါင်းသည် နက်နက်ရှိုင်းရှိုင်းတွေးတောဖို့ရာ မဖြစ်နိုင်ခဲ့။ ယခု နောက်ဆုံးမှာတော့ သူသည် သူတို့ဆက်ဆံရေးအရ လူနှစ်ယောက်ကြားကလက်ရှိအခြေအနေနှင့် ရှောက်ချွင်အပေါ်ထားရှိသည့် သူ့သဘောထားတွေကိုပါ ဆင်ခြင်တုံ့တရားရှိရှိတွေးတောနိုင်သွားပြီဖြစ်သည်။

သို့သော်လည်း ရှုပ်ထွေးနေသောကိစ္စတို့ကို နက်နက်ရှိုင်းရှိုင်းမတွေးတောရသေးခင်မှာပင် ဝမ်းရှောင်ဟွေးထံမှဖုန်းကောတစ်ခုက ကြားဖြတ်နှောင့်ယှက်လိုက်လေသည်။

"ဘာရယ်!"

လီရှော့ တအံ့တဩဖြစ်သွားရ၏။

ဝမ်းရှောင်ဟွေးက သက်ပြင်းချရင်း

"ဟုတ်တယ်။ ရှောက်ချွင် အခုဆေးရုံမှာ။ လောလောဆယ်တော့ သူ့အသက်ကအန္တရာယ်မရှိတော့ဘူးဆိုပေမယ့်လည်း ချန်ရှို့အသံက သနားဖို့ကောင်းနေတယ်။ကျွန်တော့် အဲ့ကိုသွားပြီး ချန်ရှို့ကိုအဖော်ပြုပေးဖို့ စီစဥ်ထားတယ်"

လီရှော့မှာ အချိန်အတော်ကြာအောင် စိတ်နှင့်လူနှင့်မကပ် ဖြစ်နေသည်။ရှောက်ချွင်နဲ့ လီချန်ရှို့က ဘယ်လိုလုပ် ဒီလောက်ထိ အဖုအထစ်တွေများလို့ ရန်ပွဲမှာ ဓါးတွေ ပါလာရတာတဲ့လဲ။

သူသည် ရှောက်ချွင်ကံဆိုးဖို့ရာ တိတ်တိတ်လေးမျှော်လင့်နေသည်ဆိုပေမယ့်လည်း ဒဏ်ရာရနေသည့် လူကိုတော့ ကျိန်ဆဲနေမည်မဟုတ်ပေ။အရေးကြီးဆုံးက လီချန်ရှို့ပါဝင်ပတ်သက်နေလား၊ မနေဘူးလားဆိုတာကို သူအစိုးရိမ်ဆုံးဖြစ်သည်။

လီရှော့ မေးလိုက်၏။

"ချန်ရှို့ဘယ်လိုနေလဲ။ သူ ဒဏ်ရာမရဘူးမလား"

"ချန်ရှို့က ဘာမှမဖြစ်ဘူး။ နည်းနည်း ​ထိတ်လန့်သွားရုံလောက်ပဲ။ရှောက်ချွင်ရဲ့အစ်မတွေအကုန် အဲ့ဒီမှာရောက်နေတယ်။ အထူးသဖြင့် အတော်ပါဝါကြီးတဲ့ အစ်မအကြီးဆုံးပေါ့။ချန်ရှို့က လူကြောက်တတ်တယ်။ သူ့မှာဆွေမျိုးလည်းမရှိ သူငယ်ချင်းလည်းရှိတာမဟုတ်ဘူး။တစ်ခြားလူတွေ သူ့ကိုဘယ်လိုတွေတောင် အနိုင်ကျင့်ကြမလဲ မပြောတတ်ဘူး။ ကျွန်တော်သူ့ကို သွားကူညီချင်တယ်"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now