Chapter 55(Uni+Zawgyi)

21.9K 2.3K 660
                                    


Unicode

ဝမ်းရှောင်ဟွေးတင်ခဲ့သော ဝေးပေါ် ပေါ်ကပို့စ်က အွန်လိုင်းတစ်ခွင်မှာတကယ့်ကိုပင် ကျော်ကြားလာသည်။ ချမ်းသာချောမောသောတရုတ်-အမေရိကန်ကပြားဟူသော tagအမျိုးမျိုးနှင့်အတူ ဝဘ်ဆိုဒ်ပေါင်းစုံမှာပျံ့နှံ့လာကာ အင်တာနက်ကို ရှားရှားပါးပါးသုံးခဲလှသော လီချန်ရှို့လိုလူစားကတောင် လီရှော့ကိုဖုန်းဆက်၍စနောက်လာသည်။ထို့ပြင် ဝေးကွာလှသော အမေရိကန်ရှိ သူ့မိဘတွေတောင် ဤသတင်းကိုကြားသိကြလေသည်။

လီရှော့သည် အွန်လိုင်းပေါ်ရှိစိတ်ဝင်စားစရာ မက်ဆေ့ချ်ပေါင်းစုံကိုကြည့်ရှုရင်း နောက်တစ်ရက်ကိုကုန်ဆုံးရပြန်သည်။

ဤနေရာမှာ တစ်ပါတ်မျှကြာအောင်နေပြီးနောက်မှာတော့ သူနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကိစ္စအကြောင်းကိုပြောရမည့် ပုဂ္ဂိုလ်က စန်းယသို့ရောက်ရှိလာပြီဖြစ်သည်။ထိုသူက သူ့ဖခင်၏မိတ်ဆွေဖြစ်ကာ နယူးယော့ခ်ရှိ တရုတ်ကုန်သည်ကြီးများအသင်း၏အရေးပါလှသောပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်ပေသည်။မျိုးရိုးက ချွေဖြစ်ပြီး ကောလဟာလတွေအရ လူကောင်းသူကောင်းဖြစ်သော်လည်း အတော်လေးတဏှာကြီးသည်ဟု ဆိုကြလေသည်။

လီရှော့ကတော့ ထိုသူဟာ ဘာပဲဖြစ်ဖြစ် သူ့စီနီယာလူကြီးဟုပင် စိတ်ထဲမှာမှတ်ယူထားသည်။ထို့ပြင်သူသည်လည်း အားလပ်ကာ လုပ်စရာမရှိသည်မို့ လူကိုလေဆိပ်မှာသွားကြိုဖို့ရာ ကားမောင်းသွားလိုက်တော့သည်။

သို့သော်လည်း လေဆိပ်ရောက်ချိန်မှာတော့ လီရှော့အနည်းငယ်အံ့အားသင့်သွားရသည်။ မစ္စတာချွေဟာ တစ်ယောက်တည်းလာတာမဟုတ်ချေ။သူဟာ သူနှင့်အတူလူနှစ်ယောက်ဖြစ်သည့် အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက်ကိုပါခေါ်ဆောင်လာသည်။ အမျိုးသမီးဖြစ်သူက ညို့ငင်အားကောင်းကာ ဆက်စီကျပြီး မစ္စတာချွေထက် ခေါင်းတစ်ဝက်စာလောက်အရပ်မြင့်သည်။ အမျိုးသားဖြစ်သူကတော့ လေဆိပ်တစ်ခုလုံးရှိလူအကုန်က စောင်းငဲ့ကြည့်သွားရလောက်အောင် ချောမောသည့် သွေးနှောလူမျိုးပင် ဖြစ်၏။

ထိုသွေးနှောအမျိုးသားဟာ နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်လောက်သာရှိဦးမည်။အရပ်ရှည်၍လူကောင်ထွားကာ မျက်နှာအမူအရာတို့ကလေးနက်သော်လည်း တင်းမာခက်ထန်နေတာမျိုးမဟုတ်ပေ။ သူ့သူငယ်အိမ်တို့ကအညိုဖျော့ဖျော့ရှိသည်။ မျက်နှာမှာ အပြုံးတစ်ပွင့်ကိုချိတ်ဆွဲထား၍ သိမ်မွေ့ကာ အလွန်အမင်း ဆွဲဆောင်အားကောင်းလေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now