နားနေခန်းထဲက ရူးသွပ်မှုက လီရှော့အား ပြန်တွေးကြည့်ဖို့ရာ အနည်းငယ် စိုးရွံ့စေခဲ့၏။ သူသည် စည်းမျဥ်းစည်းဘောင်အတိုင်း လုပ်တတ်သူမဟုတ်သော်ငြား အလွန်တရာ ကိုးရို့ကားယားနှင့်တရားလွန်ဖြစ်သောအရာမျိုးကို ဘယ်တုန်းကမှမလုပ်ဖူးခဲ့ချေ။သို့သော်လည်း သူသည် ကျောက်ကျင်ရှင်းနှင့်အတူ ရှိနေသမျှ ရဲတင်းလှတဲ့အပြုအမူတွေကနေ ကိုယ့်ကိုကိုယ်ထိန်းချုပ်ဖို့လည်း ဖြစ်နိုင်သည့်ပုံမပေါ်ပါလေ။
သူသည် ကျောက်ကျင်ရှင်းနှင့်အတူ လူမြင်ကွင်းမှာ ချစ်တင်းနှောရဲသော်လည်း နှလုံးသားကိုတော့ဖြင့် လွယ်လင့်တကူနှင့် မပေးအပ်ရဲပြန်ပေ။
ဘယ်လိုလုပ်ပြီးတော့များ လူနှစ်ယောက်က ဒီလောက် အမြီးအမှောက်မတည့်ဖြစ်ကြရပါသလဲ။ မည်သို့ပင်ဆိုစေ ဤသည်က လက်ရှိမှာ သူတို့နှစ်ယောက်အတွက် အကောင်းဆုံးအခြေအနေပင် ဖြစ်သည်။ထို့ပြင် ကျောက်ကျင်ရှင်းသည်လည်း သူတို့နှစ်ယောက်၏ ဆက်ဆံရေးက အိပ်ဖော်အိပ်ဖက်ပါတနာ ဆက်ဆံရေးအဖြစ် ထိုနေ့ကတည်းက သတ်မှတ်ပြီးသွားချေပြီပဲ။
လွန်ခဲ့သောရက်အနည်းငယ်ကတော့ လီရှော့သည် ထိုနေ့က စကားဝိုင်းအကြောင်းစဥ်းစားဖို့ကို တမင်တကာပင် ရှောင်ရှားနေခဲ့မိသည်။ ခုချိန်မှာတော့ သူ့ဦးနှောက်က တည်ငြိမ်အေးဆေးသွားပြီဖြစ်ရာ သူသည် ထိုစဥ်က သူ့ဖခင်၏ မျှော်လင့်မထားသောအရေးပေါ်အခြေအနေကြောင့် ထိတ်လန့်ကာ တည်ငြိမ်မှုမရှိသော သူစိတ်အခြေအနေကို ပြန်မှတ်မိသွားသည်။
ထိုစဥ်က သူသည် ကျောက်ကျင်ရှင်းက သူ့ကို "ခြိမ်းခြောက်နေတာ"ဟူ၍ စောင်းပါးရိပ်ခြေပြောခဲ့မိခြင်းထက် ပို၍ လိမ္မာပါးနပ်စွာပြောခဲ့သင့်သည်။ ကျောက်ကျင်ရှင်းတစ်ယောက် စိတ်ဆိုးသွားသည်မှာ မဆန်းပေ။သို့သော်လည်း အနည်းဆုံးတော့ သူ့အဆိုပြုချက်က မှန်ကန်သည်။ ယခုချိန်မှာ သူ ကျောက်ကျင်ရှင်းကို မယုံရဲချေ။ကျောက်ကျင်ရှင်းက သူ့အပေါ်မှာ "ကစားလို့မဝ"သေးတာပင် ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် သူသည် "ယုံကြည်မှုတွေပြန်တည်ဆောက်ရအောင်"ဟူသော အဆိုပြုချက်ကို ဖြေဖို့ ရှောင်ရှားနေခဲ့ခြင်း ဖြစ်သည်။
သူသည် စကားကိုရှင်းရှင်းလင်းလင်းပြောပြီး အလုပ်ကိုရှင်းရှင်းလင်းလင်းလုပ်တာမျိုးကို သဘောကျသော လူစားဖြစ်သည်။အကယ်၍ သူတို့နှစ်ယောက်သာ sex ပါတနာဆို Sexပဲ လုပ်တာကောင်းသည်။ ဘာခံစားချက်မှပြောစရာမလို။ တစ်ယောက်နှင့်တစ်ယောက် ဘာတာဝန်မှလည်း ယူစရာမလို။ ဤသည်က အဆင်ပြေသည်။ ပိုက်ကွန်ချလိုက်သလို ပျံ့နှံ့သွားပြီဖြစ်သည့် သူ့ခံစားချက်များကိုတော့ သဲနှင့်ရွံ့များပါလာလိမ့်မည်ဆိုလျှင်တောင်မှ အနှေးနှင့်အမြန်ပင် ဖြည်းဖြည်းချင်းဆီ ပြန်ဆွဲယူလိုက်တော့မည်။
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...