Chapter 7.1(Unicode)

17.9K 2.4K 33
                                    


လီရှော့သည် တရားဥပဒေဆိုင်ရာအဖွဲ့အစည်းက သူငယ်ချင်းတစ်ယောက်ကို ဖုန်းခေါ်လိုက်ပြီးတော့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ကူညီပေးဖို့တောင်းဆိုလိုက်ရ၏။ ပြီးမှ တုန်လှုပ်ခြောက်ခြားမှုတွေနဲ့ အိမ်သို့ ပြန်လာလိုက်ရသည်။

ထပ်ခါတစ်လဲလဲ စဉ်းစားကြည့်သော်ငြား သူဖက်ကနေ လတ်တစ်လောမှာ ရန်စဖူးခဲ့သောလူဟူ၍ တစ်ယောက်သာရှိသည်။ ထိုသူမှာ ရှောက်ချွမ်ပါပင်။မဟုတ်ဘူးဆိုလျှင်တော့ သူ့ရဲ့စရိုက်နဲ့ပုဂ္ဂိုလ်ရေးရာအရ လီရှော့သည် သူနဲ့ဘယ်သူကများ ဒီလိုဆိုးရွားတဲ့ဆက်ဆံရေး ရှိနေသလဲဆိုတာ တကယ်ပင် မတွေးတတ်တော့ပါချေ။

ရှောက်ချွမ်သည် လီချန်းရှို့ရဲ့ရည်းစားဟောင်းဖြစ်သည်။ သို့သော်လည်း လီရှော့သည် ထိုသူကိုဖော်ပြဖို့ရာ "ရည်းစား"ဟူသော စကားလုံးကို မသုံးနှုန်းချင်ပါပေ။ထိုသူသည် သြဇာအာဏာရှိတာတစ်ခုတည်းနဲ့ လေးစားမှု ဟူသော စကားလုံးကိုပင် မသိသော လူယုတ်မာတစ်ယောက်ဖြစ်သည်။ ထိုကဲ့သို့သောလူရဲ့လက်ထဲကို လီချန်းရှို့အား လီရှော့ ဘယ်မှာ ပေးနိုင်အံ့မည်နည်း။

လီရှော့သည် အခန်းထဲသို့ပြန်လာကာ စာရေးခုံပေါ်မှာ ထိုင်ရင်း သူ့ရှေ့က လက်ပ်တော့ကို တွေဝေစွာ ကြည့်နေရင်းက တော်တော်ကြီးကို စိတ်လေးလာသလိုခံစားနေရသည်။ အမှောင်ထဲမှာ ထိုင်နေရင်းက သူသည် ထိုကိစ္စကို တော်တော်ကြာအောင် တစ်နုံ့နုံ့နဲ့ စဉ်းစားနေမိပြီးကာမှ လက်ပ်တော့ပ်ကို ခပ်ဖြည်းဖြည်းဖွင့်ကာ ပန်ဟွေ့ရဲ့ဖိုင်များကို ဆွဲထုတ်ကြည့်နေလိုက်သည်။

ပန်ဟွေ့ အိမ်ခြံမြေယာအဆောက်အဦးသည် လီရှော့ ပထမဆုံးကုမ္ပဏီထောင်ခဲ့စဉ်က လက်တွဲလုပ်ခဲ့သောကုမ္ပဏီတစ်ခုပါပင်။ ကုမ္ပဏီပိုင်ရှင်က မြောက်ဘက်မှဖြစ်ကာ အပူအပင်မရှိ ခပ်ပေါ့ပေါ့သဘောထားသော အစ်ကိုကြီးတစ်ယောက်ရဲ့ စရိုက်မျိုးရှိသူတစ်ယောက်ဖြစ်သည်။ လီရှော့အတွက်တော့ ထိုသူသည် အားပေးထောက်ခံပေးတဲ့ပင်မထောက်တိုင်တစ်ခုလိုပင်။ သူတို့နှစ်ယောက်သားတွင် နက်ရှိုင်းစွာ ခင်မင်ရင်းနှီးမှုလည်း ရှိကြသည်။

သို့သော် ထိုလူတွင် အားနည်းချက်တစ်ခုရှိသည်။ ထိုအရာကား ရည်မှန်းချက်ကြီးလွန်းနေခြင်းပါပင်။ သူသည် သူ့ကုမ္ပဏီကို အလျှင်အမြန် တိုးချဲ့ဖို့ရာကြိုးပမ်းခဲ့ပြီး နောက်ဆုံးတွင်တော့ ပရောဂျက်အများကြီးကို ဝယ်ယူခဲ့သည်မို့ သူ့ရဲ့ငွေကြေးလည်ပတ်စီးဆင်းနေမှုကို အကြီးအကျယ် ပြတ်တောက်သွားစေခဲ့ရသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now