Chapter 12(Unicode)

18.5K 2.4K 292
                                    

Full chapter

ကျောက်ကျင်ရှင်းက လီရှော့အား အပန်းဖြေဧရိယာမှာရှိတဲ့ မြူးဇစ်ဘားတစ်ခုကို ခေါ်သွားလိုက်သည်။

အပန်းဖြေဧရိယာအတွင်းမှာတော့ လူကအနည်းငယ်သာရှိသည်။ ဒီရာသီမှာ စားသောက်ဆိုင်တွေနဲ့ဘားတွေရဲ့ စီးပွားရေးလုပ်ငန်းက အနည်းငယ်အရောင်းပါးနေသည်။ နှစ်ယောက်သား အထဲကိုဝင်သွားချိန်မှာ တစ်ခြားဧည့်သည် တစ်ယောက်မှရှိမနေချေ။

ဘားရဲ့ပိုင်ရှင်လည်းဖြစ် စားဖိုမှူးလည်းဖြစ်တဲ့လူကတော့ ဂျာမန်လူမျိုးဖြစ်သည်။သူ့ပုံစံက အလွန်ပင်တုတ်ခိုင်သန်မာသည်။သွယ်လျလျ bartenderကတော့ သူ့ရဲ့ဇနီးပင်ဖြစ်ကာ နှစ်ယောက်သားက ထူးထူးဆန်းဆန်းပင် လိုက်ဖက်ညီနေကြပါ၏။

သူတို့နှစ်ယောက်သားက ထောင့်စွန်းအကျဆုံး နေရာမှာ ထိုင်လိုက်ကြသည်။ ညစာ စားချိန်ရောက်နေပြီမို့ ကျောက်ကျင်ရှင်းက ဒီဆိုင်ရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ ဘဲခြေထောက်ပေါင်းကိုမှာလိုက်ကာ ဘီယာပုလင်းကြီးနှစ်ပုလင်းကိုပါ ထပ်ပေါင်းမှာလိုက်သည်။သူက လီရှော့ကို မေးလိုက်သည်။

"ခင်ဗျားရဲ့ အယ်လ်ကိုဟော ခံနိုင်ရည်က ဘယ်လိုအခြေအနေရှိလဲ"

"ခဏ ခဏတော့ မသောက်ဖြစ်ပေမယ့် အဆင်တော့ပြေပါတယ်။"

လီရှော့ကအနည်းငယ်တော့ ပူပန်နေမိသည်။ အရင်တစ်ခါ သူသည် ဆေးလေးသောက်ရုံနဲ့ နာရီအတော်ကြာအောင် အိပ်ပျော်သွားခဲ့သည်လေ။ ကျောက်ကျင်ရှင်းတောင် သူ့အိပ်ရာပေါ်ရောက်လာခဲ့သေးသည်။ တကယ်လို့ ဒီနေ့သာ သူမူးသွားခဲ့ရင် ဘာတွေဖြစ်သွားနိုင်မလဲဆိုတာ ဘယ်သူမှ သိနိုင်မည်မဟုတ်။ကံကောင်းတာက သူက ဘီယာတစ်မျိုးတည်းသောက်မှာ ဖြစ်သည်။ ဘီယာလောက်နဲ့တော့ သူတစ်ခါမှ မမူးဖူးပါပေ။

"ဒီဆိုင်မှာ ဘီယာအမျိုးအစားနှစ်ဆယ်ကျော်လောက်ရှိတယ်။ကျွန်တော် သူကိုယ်တိုင်အချဉ်ဖောက်ထားတဲ့ဟာကို မှာသောက်ဖူးတယ်...အရသာကတော့အတော်လေး ပြီးပြည့်စုံတယ်...ရေချိန်လည်း အတော်မြင့်တယ်။ ဒါပေမဲ့ ဘီယာကတော့ အဲ့လောက်ရေချိန်မကိုက်ပါဘူး"

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now