Chapter 33 (Unicode)

16.3K 1.9K 287
                                    

ထိုနေ့က အလျင်စလိုနှင့် ထွက်လာခဲ့သည်ကိုအကြောင်းပြု၍ လီရှော့သည် သူ့ဘက်က အလွန်ရိုင်းပျသလိုခံစားခဲ့ရသည်။ ထို့ကြောင့်ပင် ရက်အနည်းငယ်မျှကြာပြီးနောက်မှာ သူ့ဘက်ကပင်စတင်ကာ ဟန်ဖေးယဲ့အား ဝိုင်မြည်းစမ်းသည့်ပါတီသို့ ဖိတ်ကြားလိုက်၏။သူက ချန်ရှန့်ကိုပါ ဖိတ်ထားလိုက်သည်။ သူတို့သုံးယောက်လုံးက ကောလိပ်တုန်းက အတန်းဖော်များပင် ဖြစ်လင့်ကစား ချန်ရှန့်ကတော့ သူနှင့်ပို၍ နက်ရှိုင်းရှည်ကြာသောပုဂ္ဂိုလ်ရေးရာ ဆက်ဆံရေးရှိလေသည်။သူနှင့် ဟန်ဖေးယဲ့ လမ်းခွဲပြီးသည့်နောက်မှာ ချန်ရှန့်ကလည်း သဘာဝကျကျပင် ဟန်ဖေးယဲ့နှင့် ခပ်ခွါခွါဖြစ်သွားခဲ့လေ၏။

လီရှော့နှင့် ချန်ရှန့်က အရင်ရောက်လာကြသည်။ချန်ရှန့်က မျက်လုံးတစ်ဖက်မှိတ်ပြရင်း ဆိုသည်။

"မင်းမနေနိုင်ဘူးဆိုတာ ငါသိသားပဲ"

လီရှော့ ခဏမျှကြောင်အသွားပြီးမှ တုံ့ပြန်လိုက်ရသည်။

"ဪ မင်းနားလည်မှုလွဲနေပြီ။ ငါ သူ့ကိုဆက်သွယ်ခဲ့တာမဟုတ်ဘူး။ ငါတို့အချင်းချင်း ဆေးရုံမှာ မထင်မှတ်ပဲတွေ့ကြတာ"

ချန်ရှန့်ကတော့ သေချာပေါက်ကို မယုံပါချေ။ သူက သရော်ပြုံးကြီး ပြုံးလိုက်ရင်း လီရှော့ ကျောပြင်ကိုပါ ပုတ်လိုက်သေးသည်။

"တကယ်ပြောနေတာ"

လီရှော့ ရယ်မောမိသွားရင်း

"ငါသာ သူ့ကိုဆက်သွယ်ချင်ရင် ခုချိန်ထိတောင် စောင့်မနေဘူး"

ချန်ရှန့်က ခေါင်းညိတ်သည်။

"အဓိပ္ပါယ်ရှိသားပဲ။ဒါနဲ့ မင်းဘယ်လိုခံစားရလဲ။ ငယ်ချစ်ဟောင်းတွေက အချိန်အတော်ကြာမှ ပြန်ဆုံစည်းရပြီပေါ့လေ ကျစ်~ကျစ်"

"သူ ကောင်းကောင်းမွန်မွန် နေနေရတာကိုမြင်ရတာ ငါအရမ်းပျော်တယ်"

လီရှော့က စစ်မှန်စွာပင် ဆိုသည်။

"တကယ်ပြောတာ...သူ့ဘဝကောင်းစားတာကိုမြင်ရတာ ငါ့ကိုယ်ငါ ကောင်းစားနေတာထက်ကို ပျော်တယ်"

ချန်ရှန့်က ဘာသာတရားကိုင်းရှိုင်းသည့်ဟန်အမူအရာဖြင့် ရင်ဘတ်ပေါ်တွင် လက်ဝါးကပ်တိုင်အမှတ်အသားကို ရေးဆွဲလိုက်ရင်း

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now