Chapter 61 (Uni+ Zawgyi)

21.5K 2.3K 377
                                    

Unicode

နောက်တစ်နေ့မနက်စောစောမှာတော့ ရှောင်ချန်က သူတို့သားအဖနှစ်ယောက်ကိုလာကြိုကာ အန်းနန်ကိုသွားလိုက်ကြသည်။

ကျောက်မိသားစုက သားအဖနှင့်သူတို့သားအဖက တစ်ချိန်တည်းမှာရောက်ရှိသွားကြ၏။ လေးဦးသားက ကုမ္ပဏီအဆောက်အဦး၏ ကျယ်ဝန်းလှသော ဧည့်ခန်းမှာဆုံမိသွားကြသည်။လီရှော့နှင့် ကျောက်ကျင်ရှင်းက တစ်ယောက်နှင့်တစ်ယောက်ဆုံမိချိန်မှာ ခင်မင်မှုမပျက်သည့်ဟန်ဖြင့်ပြုမူကာ နှုတ်ဆက်လိုက်ကြသည်။

ကျောက်ကျင်ရှင်းက တကယ့်ကိုပင် ညှင်းသိုးသိုးဟန် အနည်းငယ်ပေါက်နေသည်။သူ့ကိုယ်သူ သန့်သန့်ရှင်းရှင်းဖြစ်အောင်လုပ်ထားသော်လည်း အင်အားမရှိသလိုဖြစ်နေမှုတို့ကိုတော့ ဖုံးကွယ်ထားလို့မရနိုင်ချေ။ လီရှော့ကတော့ သူ့အားစူးစူးစိုက်စိုက်ကြည့်နေသည့် ကျောက်ကျင်ရှင်း၏ အကြည့်တို့ကိုလျစ်လျူရှု၍ သူ့ဖခင်အနောက်ကသာ တစ်လှမ်းချင်းစီလိုက်ပါသွားလိုက်သည်။

အဖေနှစ်ယောက်သားကတော့ အပြန်အလှန်လေးစားမှုရှိစွာဖြင့် နှစ်ယောက်ဆုံမိချိန်မှာ စိတ်လှုပ်ရှားစရာကောင်းသောယနေ့ဈေးကွက်အကြောင်းကို ဆွေးနွေးနေကြသည်။သို့သော်လည်းသူတို့နောက်က လူငယ်နှစ်ယောက်ကတော့တစ်လျှောက်လုံး တိတ်ဆိတ်နေကြလေသည်။

ကျောက်ရုန်ထျန်းက မီတင်းကျင်းပရန်အတွက် ရုံးခွဲရှိအမှုဆောင်အရာရှိအကုန်လုံးကို အစည်းအဝေးခန်းငယ်ထဲ ခေါ်လိုက်သည်။အစည်းအဝေးပွဲမှာတော့ ပထမဦးစွာ ကျောက်ကျင်ရှင်းက ဤကာလအတွင်းသူ့အပြုအမူတို့အတွက် တောင်းပန်သည်။ ကျောက်ရုန်ထျန်းကလည်း သူ့အားဆူပူသည်။ သူ့စကားလုံးတို့ကအတော်လေး ရက်စက်၏။ကျောက်ကျင်ရှင်းကတော့ ခေါင်းကိုသာငုံ့ထားရင်း နားထောင်လေသည်။သူ့သဘောထားက စစ်မှန်သည့်ပုံပေါက်နေတာကြောင့် များလှစွာသော စီနီယာအမှုဆောင်အရာများရှိများကပင် သူ့အပေါ် စကားကောင်းဝင်ပြောပေးလာကြသည်။ထိုအဖေနှင့်သားက အတွဲညီညီဖျော်ဖြေပြီးသွားသည့်နောက်မှာတော့ ဤကိစ္စကလည်း ပြေငြိမ်းသွားခဲ့ပြီဖြစ်သည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now