Unicode
ပုံမှန်ထက် နှစ်ဆရှည်တဲ့အပိုင်းပါ။ Rated လည်း ဖြစ်တာကြောင့် မိမိဘာသာချင့်ချိန်၍ ဖတ်ကြပါရန်
လီရှော့သည် မိဘတွေရှေ့မှာ ဒီလိုပြင်သစ်အနမ်းမျိုး ဘယ်တုန်းကမှ မနမ်းခဲ့ဖူးပါချေ။ခံစားချက်တွေက ပြင်းထန်နေသည့်အချိန်မှာတောင် သူဟာ အနည်းငယ်တော့ ရှက်အမ်းအမ်းဖြစ်နေတာကြောင့် ကျောက်ကျင်ရှင်းကို ခပ်သာသာတွန်းထုတ်လိုက်သည်။ ကျောက်ကျင်ရှင်းက နားလည်ကာ သူ့ကိုလွှတ်ပေး၍ နှုတ်ခမ်းကိုသာသပ်ရင်း အောင်နိုင်သူအပြုံးကြီး ပြုံးပြလေ၏။
လီရှော့က သူ့မိဘတွေကို တစ်ချက်ကြည့်ရင်း အားနာနာဖြင့်ပြုံးပြလိုက်ရသည်။
လီကတော်က စိတ်လှုပ်ရှားစွာ မျက်ရည်များကိုသုတ်ရင်း ဆက်စကားဆိုသည်။
"ကြည့်ပါဦး။ ကျွန်မရှာထားတဲ့ တရှီးက သိပ်တိကျတာပဲ။ ကျင်ရှင်းက သိုးပဲ။ သိပ်လိုက်ဖက်လွန်းတယ်"
မစ္စတာလီက သူမကိုဖက်ကာ အပြုံးနှင့် ခေါင်းညိတ်ပြလေသည်။
ကျောက်ကျင်ရှင်းကတော့ မျက်နှာထက်က ဂုဏ်ယူဝင့်ကြွားနေသောမျက်နှာပေးဖြင့် သူ့မိဘများထံ လက်မထောင်ပြလိုက်လေ၏။
လီရှော့က နောက်တစ်ကြိမ် ဝေ့ဝဲကြည့်မိပြန်ကာ သိချင်စိတ်ဖြင့်မေးလိုက်မိသည်။
"မင်း ဘယ်လိုများ စီစဥ်လိုက်တာလဲ"
ကျောက်ကျင်ရှင်းက ထို suite ခန်းသို့ရောက်ဖူးခဲ့သည်ဆိုလျှင်တောင် ယင်းက သူရိုက်ခွဲပြီးမှပင် ဖြစ်မည်။မူလအသွင်အပြင်အတိုင်းရအောင် ပေါင်းစပ်ဖို့ဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။
ဝမ်းရှောင်ဟွေးက စတိုင်ကျစွာဖြင့် ဆံပင်ခါလိုက်ရင်း အလွန်အမင်းဂုဏ်ယူနေဟန်ဖြင့် ဆိုလာသည်။
"သူ ကျွန်တော့်ဆီကနေ ဓါတ်ပုံတစ်ပုံကို တစ်သန်းနဲ့ ဝယ်ရဖို့တောင်းဆိုခဲ့တာလေ Yeah~"
တစ်ချိန်တည်းမှာပင် သူက V ပုံစံလက်နှစ်ချောင်းထောင်ပြလိုက်သေး၏။
လီရှော့က ကျောက်ကျင်ရှင်းထံ စောင်းငဲ့ကြည့်လိုက်ရင်း။
"လိုအပ်လို့လားကွာ"
![](https://img.wattpad.com/cover/228735036-288-k595811.jpg)
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...