Chapter 25.1 (Zawgyi)

2.8K 532 110
                                    


ကျောက်ကျင်ရှင်း သူ့ထိုင်ခုံရှိရာဆီပြန်လာချိန်မှာ သူတို့နှစ်ယောက်သားက တစ်ခြားအကြောင်းအရာများကို သဘာဝကျကျပင် ပြောဆိုနေလိုက်ကြသည်။ခဏမျှနားထောင်နေပြီးနောက် ကျောက်ကျင်ရှင်းက သူတို့စကားဝိုင်းထဲသို့ အဟန့်အတားမရှိလှစွာကြားဖြတ်ဝင်လာကာ လီရှော့ရဲ့ တက္ကသိုလ်တက်စဉ်ကအကြောင်းအရာများကိုလည်း မကြာခဏဆိုသလို မေးမြန်းစူးစမ်းနေတော့သည်။

သေချာပေါက်ကို ချန်ရှန့်မှာ လီရှော့ရဲ့ခွင့်ပြုချက်မရှိပဲနဲ့ စကားကို လက်လွတ်စပယ်မပြောရဲပေ။သူက စကားဝိုင်းခေါင်းစဉ်ကိုသာ တစ်ဖြည်းဖြည်းနဲ့ ပြောင်းပစ်လိုက်သည်။

သူတို့တွေသည် စကားပြောရင်းပင် စားသောက်နေခဲ့ကြ၏။အပေါ်ယံမျက်နှာပြင်မှာတော့ လေထုဟာ အလွန်ပင် သဟဇာတဖြစ်နေခဲ့လေသည်။

ခဏလောက်ကြာတော့ အဓိက ကိစ္စကြီးတစ်ရပ်က ပေါ်လာသည်။ ကျောက်ကျင်ရှင်းနဲ့ လီရှော့က ဤဆိုင်ရဲ့အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ အမဲသားအသားလွှာကို မှာထားကြတာဖြစ်သည်။ ကျောက်ကျင်ရှင်းက သူ့ရဲ့အမဲသားပြားပန်းကန်ကို သေးသေးလေးတွေဖြစ်အောင် လှီးဖြတ်လိုက်ကာ လီရှော့ ပန်းကန်နဲ့ သူ့ပန်းကန်ကို လဲပေးလိုက်တာပင် ဖြစ်၏။

ချန်ရှန့်က မျက်ခုံးတစ်ချက်ပင့်သွားသည်။ သူ့အမူအရာက အနည်းငယ် ကိုးရိုးကားယား ဖြစ်သွား၏။

ကျောက်ကျင်ရှင်းက ပြုံးသည်။ သူက စားပွဲအောက်က လီရှော့လက်ကို ဆွဲယူကာ ချန်ရှန့်ရှေ့မှာ လှုပ်ယမ်းပြလေသည်။

"သူ့လက်က အဆင်မပြေလို့ပါ"

လီရှော့ရဲ့ လက်ဆစ်တွေက နီရဲကာ ပွန်းပဲ့နေသည်။ထိုအရာများက မနေ့ညက နံရံကိုထိုးလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အရာများပင်။

လီရှော့ သူ့လက်ကိုပြန်ဆွဲယူလိုက်ရင်း

"ပွန်းပဲ့ရုံလေးပါပဲ"

လက်ရှိကျောက်ကျင်ရှင်းရဲ့ နူးညံ့သိမ်မွေ့မှုတွေနဲ့ ထောက်ထားစာနာပေးမှုများသည် သူ့အတွက်တော့ ထိုလူဟာ အလွန်အမင်းဟန်ဆောင်ကောင်းသူဟူ၍သာ ခံစားရစေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Dove le storie prendono vita. Scoprilo ora