Chapter 43(Unicode)

15.3K 2K 490
                                    

လီရှော့သည် အိမ်တွင်နှစ်ရက်လောက် အနားယူလိုက်သည်။နာကျင်ခံစားရမှုတွေက သူ့စိတ်အခြေအနေကိုလွှမ်းမိုးသွားခြင်းလားတော့မပြောတတ်။အအေးမိသည့်လက္ခဏာတွေက အနည်းငယ်ပြန်ပေါ်လာခဲ့၏။အဖျားကတော့ ပျောက်သွားပြီဆိုပေမယ့် လူကတော့ အရမ်းကြီးအားအင်တက်ကြွမှုမရှိသေးပါပေ။

ဟန်ဖေးယဲ့ကလည်း သူ့ထံတစ်ခါမျှပင်ဆက်သွယ်ခြင်းမရှိခဲ့ချေ။ သူသည် ချန်ရှန့်အား ထိုသူရှိရာဆီ သွားလည်ဖို့မပြောခင်ကတော့ ဟန်ဖေးယဲ့တစ်ယောက်ဘာတွေများဖြစ်နေသလဲဟူ၍ သိချင်ခဲ့သေးသည်။ သို့သော်လည်း သူအဆင်ပြေနေရဲ့သားနှင့် ဖုန်းဖြေဖို့ ဒါမှမဟုတ်သူ့ထံဆက်သွယ်ဖို့ ငြင်းပယ်နေကတည်းက ထိုသူ့အပြုအမူတွေဟာ သိသာထင်ရှားနေခဲ့ပြီ ဖြစ်သည်။

လီရှော့ တော်တော်ကြီးကိုမသက်မသာခံစားရသည်။ ဘာပဲဖြစ်ဖြစ် ထိုသူဟာ တစ်ချိန်က သူအင်မတန်သဘောကျခဲ့ရသောလူပင် မဟုတ်ပါလား။နှစ်ဦးသားဟာ အချိန်အတော်ကြာမှပင် ပြန်ဆုံကာ အဆင်ပြေခဲ့ကြသေးသည်။ သူတို့နှစ်ယောက်အနေဖြင့် အနာဂါတ်မှာအတူမရှိနိုင်ဘူးဆိုရင်တောင် နှစ်ယောက်သားသည် အတိတ်နေ့တွေကိုပြန်ပြောင်းမှတ်မိစေနိုင်သော ရှားရှားပါးပါးသူငယ်ချင်းများပင် ဖြစ်ပေသည်။သို့သော်လည်း ကျောက်ကျင်ရှင်းကြောင့် ဟန်ဖေးယဲ့မှာ သူ့အားထပ်မံဆက်သွယ်ရဲခြင်းမရှိတော့ချေပြီ။

ဒီတစ်ခါအခြေအနေသည် လွန်ခဲ့သော၁၂နှစ်နှင့်လုံးဝကိုကွာခြား၏။ ထိုကဲ့သို့ "စစ်ဆေးခြင်း"နည်းလမ်းက အလွန်အမင်းညစ်ညမ်းကာ ထိခိုက်စေသည်။ သူသည် ဟန်ဖေးယဲ့၏ ရုန်းကန်ရမှုများနှင့် ဝမ်းနည်းမှုများကိုစဥ်းစားမိသည့်အခါတိုင်းမှာ အပြစ်ရှိသလိုခံစားရပြီး တစ်ချိန်တည်းမှာလည်း ကျောက်ကျင်ရှင်းအပေါ် ဒေါသတွေပြည့်လာရသည်။

ဤသည်က ကျောက်ကျင်ရှင်း၏တကယ့်ပုံစံပင် ဖြစ်ချေသည်။သူတော့ တကယ့်ကျောက်ကျင်ရှင်း၏ချွန်မြလှသောလက်သည်းများကို အမြဲမှတ်မိနေမှဖြစ်မည်။ သို့မှသာ ထိုချစ်စရာကောင်းအောင်လုပ်ပြတတ်သည့်အမူအယာများကြောင့် စိတ်ရှုပ်ထွေးမသွားမှာ ဖြစ်ပေသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now