လီရှော့သည် ကျောက်ကျင်ရှင်းအား စက္ကန့်အနည်းငယ်မျှစိုက်ကြည့်နေပြီးမှ တည်ကြည်လေးနက်စွာ ဆိုလိုက်လေသည်။
"ကောင်းပြီလေ"
ကျောက်ကျင်ရှင်းက မျက်ခုံးတို့ကိုပင့်ရင်း
"ဒါလင်...တကယ်တော့ ကျွန်တော်က စနေတာ"
"မင်း စနေတာ မဟုတ်ပါဘူး။ မင်းအတည်ပြောနေတာပါ ကိုယ်သိတယ်"
လီရှော့သည် သူ့မေးစေ့ကို ခပ်ဖွဖွညှစ်လိုက်ကာ
"ဒီနေ့ မင်းက ကိုယ့်အဖေကို ကယ်ခဲ့တာပဲလေ။ကိုယ်မင်းကို ဘယ်လိုပဲပေးဆပ်ရပါစေ များတာမှမဟုတ်ပဲ။ကိုယ် လီရှော့မှာရန်ငြိုးအာဃာတ မကျေနပ်ချက်တွေ ရှင်းရှင်းလင်းလင်းကြီးကိုရှိနေသေးတယ်။ဒါပေမဲ့ ခုချိန်ကစလို့ မင်းနဲ့ရှောက်ချွင်ပေါင်းကြံပြီး ကိုယ့်ကိုလှည့်စားခဲ့တဲ့အကြောင်းအရာတွေကို ထပ်မပြောတော့ဘူး"
'ခန္ဓာကိုယ်နဲ့ကျေးဇူးဆပ်ဖို့'သာမက ခုချိန်မှာ ကျောက်ကျင်ရှင်းတောင်းဆိုတာမှန်သမျှ သူပေးလိုက်မည် ဖြစ်သည်။ သူဆိုသည်က တစ်ပါးသူကိုကျေးဇူးကြွေးအတင်မခံချင်သောလူစားမျိုးပါပင်။အကယ်၍ သူ့ဖခင်၏ဘဝနဲ့ အခြားအရာတစ်ခုခုကို ချိန်ခွင်ပေါ်မှာသာ ထားရမည်ဆိုလျှင် သူ့ဖခင်အတွက် ဘာမဆိုပေးပစ်ဖို့သာ ရွေးချယ်လိုက်မည်ဖြစ်သည်။
ကျောက်ကျင်ရှင်းအမူအရာက ခဏတာမျှတောင့်ခဲသွားပြီးမှ ခပ်တောင့်တောင့်အပြုံးတစ်ပွင့်ကပေါ်လာသည်။
"သြော....ခင်ဗျားက တကယ်ပဲ ခင်ဗျားခန္ဓာကိုယ်နဲ့ပေးဆပ်မယ်ပေါ့"
"ဘာလို့ မဖြစ်ရမှာလဲ။ မင်းနဲ့လုပ်ရတာက တကယ်ပဲသက်တောင့်သက်သာရှိနေတာပဲလေ။ဒါပေါ့...မင်းတစ်ခြားလိုအပ်တာရှိရင်လည်း တောင်းဆိုလို့ရပါသေးတယ်"
ကျောက်ကျင်ရှင်းနှုတ်ခမ်းတို့က တုန်ယင်လာကာ လှောင်ရယ် ရယ်တော့သည်။
"ကျွန်တော် ဒီနေ့လုပ်ပေးသမျှ အရာရာတိုင်းက ခင်ဗျားကို ကျွန်တော့်အိပ်ရာထဲရောက်အောင် အကြပ်ကိုင်နိုင်ဖို့လို့များ တွေးထားတာလား"
YOU ARE READING
လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]
RomanceBoth Unicode and Zawgyi are available. ခေါင်းစဥ်မှာပါတဲ့ "စား" ဆိုတာ ဟိုလိုစားတာကိုမဆိုလိုပါ။အားကြီးတဲ့လူ၊အောင်နိုင်တဲ့လူ လျှင်တဲ့လူက တစ်ဖက်လူရဲ့အရာရာတိုင်းကိုအပိုင်ရယူသွားတယ်လို့ ဆိုလိုထားခြင်းသာဖြစ်ပါတယ်။ မူရင်းစာရေးသူ : ရွှေချန်းချန် အမျိုးအစား :...