Chapter 32 (Unicode)

15.6K 1.7K 324
                                    

လီရှော့သည် ကားထဲပြန်ရောက်တော့ ဖုန်းပြန်ခေါ်လိုက်၏။

ကျောက်ကျင်ရှင်းက ချက်ချင်းနီးပါးကို ဖုန်းကိုင်လေသည်။

"လီရှုရှု...ပြန်လာနေပြီလားဟင်"

"ကိုယ့်ကို အမှန်တိုင်းပြောစမ်းပါ။ မင်း ကိုယ့်ကို လာနောက်နေတာလား"

"မဟုတ်ဘူး"

ကျောက်ကျင်ရှင်းက အထစ်ထစ်အငေါ့ငေါ့နှင့်ဆိုလာသည်။

"ကျွန်တော် တကယ်အမှောင်ကြောက်တာ။ ညဘက် ကျွန်တော်နဲ့အဖော်ပြုပေးမယ့်သူ မရှိရင် ကျွန်တော်..မီးဖွင့်ပြီး အိပ်ရတာ"

တကယ်တော့ လီရှော့သည်လည်း လူအတော်များများမှာ ထိုကဲ့သို့ Phobia ရှိကြမှန်း ကြားဖူးထားသည်။ ကျောက်ကျင်ရှင်း အတည်ပြောနေတာ ဟုတ်မဟုတ်ကိုတော့ သူလည်း မပြောတတ်။ အမှန်ဆိုလျှင်တော့ ခုချိန်မှာ ကျောက်ကျင်ရှင်းတစ်ယောက် ကြောက်နေလောက်ပြီ ဖြစ်သည်။ သူ ကူကယ်ရာမဲ့စွာသာ ဆိုလိုက်ရတော့သည်။

"ဒါဆိုလည်း ကိုယ့်ကိုစောင့်နေ။ ကိုယ် အခု လာနေပြီ။ အိမ်မှာ အရေးပေါ်မီးအိမ်တို့ ဖယောင်းတိုင်တို့ရော ရှိလား"

"အင်း"

ကျောက်ကျင်ရှင်းက ခပ်တိုးတိုး ဆိုသည်။

"ဒါပေမယ့် အလင်းအားက အရမ်းနည်းနေတယ်။ ပိုကြောက်ဖို့တောင် ကောင်းလာသလိုပဲ"

လီရှော့သည် ကျောက်ကျင်ရှင်းတစ်ယောက် တကယ်ပဲအမှောင်ကြောက်တယ်ဆိုတာကို နည်းနည်းလောက်တော့ ယုံကြည်သွားသည်။ထို့ကြောင့်ပင် သူက ချော့မော့နှစ်သိမ့်ပေးလိုက်၏။

"မကြောက်နဲ့ ကိုယ်မကြာခင်ရောက်လာတော့မယ်လေ"

သူ ကားမောင်းနေရင်း တွေးမိသည်။ ကျောက်ကျင်ရှင်းက ဓါးပြသုံးယောက်ကို ရင်ဆိုင်ဖြေရှင်းခဲ့စဥ်တုန်းက သန်မာကြံ့ခိုင်ခဲ့သော်ငြား ဘာကြောင့်များ အမြဲလိုလို ကလေးဆန်တဲ့ဘက်ခြမ်းကို ထုတ်ပြနေရလဲ မသိပေ။ဟုတ်တာပေါ့ အိပ်ရာပေါ်မှာဆိုလျှင်တော့ ထိုသူက နတ်ဆိုးဝင်ပူးသွားသည့်လူလိုဖြစ်သွားတတ်သည့် ဘက်ခြမ်း ဖြစ်ပေသည်။ထိုကဲ့သို့ မျက်နှာများကာ စိတ်အပြောင်းအလဲမြန်တတ်သည့် ကျောက်ကျင်ရှင်းက အန္တရာယ်များသော်လည်း မတူကွဲပြားသည့် ဆွဲဆောင်မှုတို့နှင့်အတူချစ်စရာလည်း ကောင်းနေပြန်သည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now