Chapter 23.2 (Unicode)

14.9K 2.1K 93
                                    


လီရှော့သည် ဖခင်ဖြစ်သူထံ မက်ဆေ့ခ်ျပို့ကာ သူနေမကောင်းတာကြောင့် အိမ်အရင်ပြန်နှင့်ပြီဖြစ်ကြောင်း ပြောပြလိုက်ကာ တက္ကစီတစ်စီးငှားရင်း အိမ်ပြန်လာခဲ့တော့သည်။

သူ့အခန်းထဲပြန်ရောက်တော့ အမှောင်ထဲမှာပင် အိပ်ရာပေါ်လှဲနေမိသည်။သူ့ခေါင်းက ထူပူနေတုန်းဆိုတာ လီရှော့ခံစားမိနေသည်။ ဒေါသနှင့် ဝမ်းနည်းရမှုများဟာ နည်းနည်းလေးတောင် လျော့ပါးသွားခြင်းမရှိပဲ သူ့ဦးနှောက်က အမျိုးမျိုးခွဲဖြာစဉ်းစားလေ ထိန်းချုပ်ဖို့ရာ ပိုပြီးခက်ခဲလာလေပဲ ဖြစ်၏။

သူသည် အိမ်မက်ကောင်းလေးတစ်ခုကိုထိုးဖောက်ခံလိုက်ရသည့် သူတောင်းစားတစ်ဦးအလား ခံစားလိုက်ရသည်။ သူ့အိမ်မက်တွေကိုနှောင့်ယှက်တဲ့လူကို နာကျည်းမိသလို သူ့ကို အိမ်မက်တွေမက်စေခဲ့တဲ့လူကို ပိုလို့တောင် နာကျည်းမိလာသည်။

သူသည် ခံစားချက်တွေအတွက်နဲ့ ဆောက်တည်ရာမရ ဖြစ်တတ်တဲ့လူမျိုးမဟုတ်။ သစ္စာဖောက်တယ်ဆိုတာမျိုးကို သူလက်ခံပေးနိုင်သည်။ အကယ်၍သူ့ချစ်သူက တစ်ခြားလူတစ်ယောက်နဲ့ ချစ်မိသွားတယ် ဆိုရင်တောင် ဒါဟာ သူ့ဘက်က လုံလုံလောက်လောက် ကောင်းမပေးလို့ပဲ ဖြစ်သည်။

ထို့ကြောင့်ပင် ငြင်းပယ်ခံရတာမျိုးကို လက်ခံပေးနိုင်သည်။ တကယ်တမ်းတော့ သူသည်လည်း ပြီးပြည့်စုံနေသည်မှ မဟုတ်ပဲ။လူတိုင်း သူ့ကိုသဘောကျအောင် ဘယ်လိုလုပ် တတ်နိုင်မှာတဲ့လဲ။ သို့သော်လည်း လုံးဝဥသုံ အရူးလုပ်ခံရခြင်းကိုတော့ သူ လက်မခံနိုင်။ အဘယ်ကြောင့်ဆိုသော် ဤသည်က အစကတည်းက အငြိုးထားတယ် ဆိုတာကို ပြသနေလို့ပဲ ဖြစ်လေသည်။

ထို့ပြင်လည်း သူသည် အဲ့ဒီအငြိုးတရားနဲ့ရည်ရွယ်တဲ့ လှည့်စားမှုတွေကိုမှ ချိုမြိုင်မှုဟု ထင်ကာ စားသုံးခဲ့မိသည်။ ဗိုက်ထဲရောက်မှ ထိုအရာတွေက ဖန်ကွဲစတွေ ဖြစ်နေမှန်း သိခဲ့ရသည့်အဖြစ်။ ကိုယ်တွင်းအင်္ဂါတို့ကတော့ အပိုင်းပိုင်းပြတ်ကာ သွေးတို့ ယိုစိမ့်နေခဲ့ရချေပြီ။

ခုချိန်မှာတော့ ဝမ်းနည်းမှုနဲ့ အရှက်တကွဲသိမ်ငယ်ရမှုကြားမှာ ဘယ်အရာက သူ့ကိုပိုပြီး နာကျင်ရစေသလဲ ဆိုတာ သူလည်း မခွဲခြားနိုင်တော့ပါချေ။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now