Chapter 16(Unicode)

21K 2.3K 235
                                    

လီရှော့က သူ့အမေတစ်ယောက် သာမန်ကာလျှံကာပြောလိုက်တာဟု ထင်ခဲ့တာပင်။ထင်မှတ်မထားစွာပင် နောက်တစ်နေ့မနက်စောစောမှာ သူမဟာ သူ့ကိုလာနှိုးကာ ဆရာနဲ့ သူကိုယ်တိုင်သွားတွေ့ချင်လားဟု မေးလာတော့သည်။

လီရှော့ကူကယ်ရာမဲ့စွာစကားပြန်ရတော့သည်။

"မေမေ ကျွန်တော် မသွားချင်ဘူး....မေမေလည်း သွားမနေပါနဲ့ဗျာ"

"အဲ့ဒီဆရာက အတော်တိကျတာတဲ့။ သား အန်ကယ်ကျောက်တောင်ယုံတယ်နော်။ သားမသွားချင်လည်း မေမေ့ကို သားမကြာသေးခင်ကဝတ်ထားတဲ့အင်္ကျီပေး....အဲ့ဒါနဲ့ဆို တိကျမှာပဲ"

စွပ်ကျယ်တစ်ထည်၊ဘောင်းဘီတစ်ထည်နဲ့ပင် အိပ်ရာပေါ်မှာ ပျင်းရိလေးတွဲ့စွာ ထိုင်နေသော လီရှော့သည် ခုထိသေချာနိုးသေးတာမဟုတ်ပေ။စက္ကန့်အနည်းငယ်ကြာအောင် စိတ်ရှုပ်ထွေးနေပြီးမှ သူက ထိုင်ခုံပေါ်ရှိ မနေ့ကဝတ်ထားတဲ့အင်္ကျီကိုလက်ညိုးထိုးပြလိုက်သည်။

"အဲ့ဒါကိုယူလို့ရတယ်"

လီကတော်က အင်္ကျီကို ကောက်ယူကြည့်လိုက်ချင်းမှာပင် နှာခေါင်းရှုံ့လိုက်လေသည်။

"ဟော့ပေါ့အနံ့တွေ...မီးခိုးနံ့တွေနဲ့ သေတော့မှာပဲ"

သူမက သူမသားကိုလှည့်ကြည့်လိုက်ရင်း။

"သား စွပ်ကျယ်ပဲချွတ်ပေးလိုက်တော့"

"မေမေ......"

"အိုး သားကိုဘာမှမလုပ်ခိုင်းပါဘူးကွယ်။ စွပ်ကျယ်လေးပဲပေးလိုက်စမ်းပါ။ မယုံဘူးဆိုလည်း မယုံနဲ့ပေါ့။ ကိုယ့်အမေ စိတ်အေးသွားအောင်တော့ မေးခွင့်ပြုပါဦးကွယ်"

လီကတော်က ကျန်းနန်သူစစ်စစ်ဖြစ်သည်။သူမ စကားပြောတိုင်း ခပ်ဖြည်းဖြည်းနဲ့ နူးနူးညံ့ညံ့ပြောလေ့ရှိသည်။သူမကျီစယ်စနောက်ပြောသည့်အခါတိုင်း မိန်းမငယ်လေးတစ်ယောက်လို နှစ်လိုဖွယ်ကောင်းနေတတ်သည်မို့ လူတွေဟာ ငြင်းဆန်ဖို့ခဲယဉ်းကြလေသည်။

လီရှော့မှာလည်း ရွေးစရာမရှိတော့သည်မို့ စွပ်ကျယ်သာချွတ်ပေးလိုက်ရတော့သည်။

လီကတော်က လီရှော့ရဲ့ ရင်အုပ်ကြွက်သားတွေကိုအထက်အောက်စုံဆန်ချည်ကြည့်ရင်း ဂုဏ်ယူဝံ့ကြွားစွာ ဆိုသည်။

လျင်သူစားစတမ်း(ဘာသာပြန်){WTA}[Completed]Where stories live. Discover now